သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖရူဆိုမြို့နယ်တွင်း အစုလိုက်သတ်ဖြတ်မီးရှို့ခံရမှု UNICEF ရှုတ်ချ


ဖရူဆိုမြို့နယ်အတွင်း ကလေးတွေအပါအဝင် လူ ၃၅ ယောက်ထက်မနည်း သတ်ဖြတ်မီးရှို့ခံရတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)
ဖရူဆိုမြို့နယ်အတွင်း ကလေးတွေအပါအဝင် လူ ၃၅ ယောက်ထက်မနည်း သတ်ဖြတ်မီးရှို့ခံရတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်း ကလေး ၄ ဦးနဲ့ Save the Children အဖွဲ့က ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၃၅ ဦးထက်မနည်း ဒီဇင်ဘာ ၂၄ ရက်နေ့က သတ်ဖြတ်မီးရှို့ခံလိုက်ရတဲ့ဖြစ်ရပ်တဲ့အတွက် တုန်လှုပ်အံ့အားသင့်ပြီး စိတ်မကောင်းဖြစ် ရကြောင်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်ရံပုံငွေအဖွဲ့က မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ယုံကြည်ရတဲ့ သတင်းတွေအရ အဲဒီ သေဆုံးသွားသူ ၃၅ ယောက်ထဲမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသား လူငယ်တဦး၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် တဦးနဲ့ အသက် ၅ နှစ်နဲ့ ၆ နှစ်အကြား ကျား/မ ကွဲကွဲပြားပြား မသိရသေးတဲ့ ကလေးငယ်တဦးတို့လည်း ပါဝင်တယ်လို့ UNICEF ကြေညာချက်မှာ ဖော်ပြပါတယ်။

အနီးနားမှာရှိတဲ့ ဒေသတခုကို စာနာမှုဆိုင်ရာ အကူအညီပေးပြီး လွိုင်ကော်ရုံးကို ပြန်လာတဲ့သူတို့အဖွဲ့က ဝန်ထမ်း ၂ ဦးလည်း သေဆုံးတဲ့အထဲ ပါသွားတယ်ဆိုတာကို Save the Children အဖွဲ့က မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ ကြေညာချက်ထုတ် အတည်ပြုထားပါတယ်။

“အရပ်သား၊ ကလေးငယ်တွေနဲ့ စာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို အခုလို တိုက်ခိုက်သတ်ဖြတ်လိုက်တဲ့အပေါ် UNICEF အနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း” UNICEF ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Debora Comini က ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပေဒအရရော မြန်မာနိုင်ငံက ပါဝင် လက်မှတ်ထိုးထားတဲ့ ကလေးသူငယ်များ အကာကွယ်ပေးရေးဆိုင်ရာ ပဋိဉာဉ် စာချုပ်တို့အရရော ပဋိပက္ခဖြစ်နေတဲ့ ကာလတွေအတွင်း အရပ်သားတွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ စာနာမှုဆိုင်ရာ အကူအညီပေးသူတွေကို ဦးစားပေး အကာကွယ်ပေးရမှာဖြစ်ကြောင်း UNICEF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူပေးဖို့ UNICEF က တောင်းဆိုပါကြောင်း၊ Save the Children အဖွဲ့က သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်း ရပါကြောင်းလည်း UNICEF အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ်တွင်း အစုလိုက်သတ်ဖြတ်မီးရှို့ခံရမှု UNICEF ရှုတ်ချ
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]








#MyanmarViolence #UNICEFMyanmar #VOABurmese
============

XS
SM
MD
LG