သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့် ဟောင်ကောင် ရွေးကောက်ပွဲ


တရုတ်အစိုးရကို လိုလားသူတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေကြား ထောက်ခံမှုတွေ ဘယ်ဘက်က ပိုများသလဲ ဆိုတာ အထင်အရှား တွေ့လာရမယ့် အုပ်ချုပ်ရေးကောင်စီ ရွေးကောက်ပွဲ ရလဒ်တွေကို ဟောင်ကောင်မှာ စောင့်စားနေကြပါတယ်။ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံ လွဲှပြောင်းရယူခဲ့ ချိန်ကစလို့ ပထမဆုံးအကြိမ် ဥပဒေပြု ကောင်စီရဲ့ ကိုယ်စားလှယ် နေရာ ထက်ဝက်ကျော် အတွက် ဟောင်ကောင်မှာ တနင်္ဂနွေနေ့က တိုက်ရိုက် မဲပေးခဲ့ကြတာပါ။

အုပ်ချုပ်ရေးကောင်စီ အသစ်အတွက် ကိုယ်စားလှယ်နေရာ ၇၀ အနက်က နေရာ ၄၀ အတွက် ဆန္ဒမဲပေး ရွေးချယ်ကြရမှာ ဖြစ်ပြီး ကျန်နေရာတွေကိုတော့ သီးသန့် ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်တွေ ဒီကနေ့ ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။ တရုတ် အစိုးရကတော့ ဟောင်ကောင် ဒေသခံတွေ အနေနဲ့ ၂၀၁၇ ခုနှစ် နောက်ဆုံးထားပြီး ကိုယ့်ဒေသအတွက် ခေါင်းဆောင်ကို ကိုယ်ပိုင် ရွေးချယ်ခွင့်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဥပဒေပြုအာဏာ အပြည့်အ၀ အပ်နှင်းပြီး၊ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ပေးအပ်ဖို့ ကတိပြု ထားတာပါ။ ဒါပေမဲ့လည်း တိကျတဲ့ အစီအစဉ်တွေ မရှိတဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ရထားတဲ့ ဟောင်ကောင်မှာ တရုတ်နိုင်ငံက တစတစ သြဇာလွှမ်းမိုးလာမှာကို ဟောင်ကောင် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဆိုရင်လည်း တရုတ်အစိုးရရဲ့ မျိုးချစ်စိတ်ဓာတ် တက်ကြွစေမယ့် သင်ခန်းစာတွေကို ကျောင်းသားတွေ သင်ယူကြဖို့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ခေါင်းဆောင်က စီစဉ်နေတဲ့ အပေါ်မှာလည်း ဟောင်ကောင်ဒေသခံ ထောင်ပေါင်းများစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG