သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အမှတ်တံဆိပ် ဖန်တီးရေး လှုပ်ရှားမှု ဒေါ်စု ပါဝင်

Schoolgirls play outside El-Kanemi Islamic School in Maiduguri.
Schoolgirls play outside El-Kanemi Islamic School in Maiduguri.

နိုင်ငံတကာက လက်ခံ အသုံးပြုသွားနိုင်မယ့် လူ့အခွင့်အရေး သင်္ကေတ အမှတ်တံဆိပ်တခု ဖန်တီးရေး လှုပ်ရှားမှုမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင် ပါဝင်လာပါတယ်။ အကဲဖြတ် အဖွဲ့ဝင် ၂၈ ဦး ပါဝင်တဲ့ ဆုရွေးချယ်ရေး အဖွဲ့ထဲမှာ တဦးအပါအဝင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလှုပ်ရှားမှုလို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေ ကြိုးစားလုပ်ဆောင်လို့ ဘယ်တော့မှ ပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ဦးဆောင်လှုပ်ရှားသူတွေထံ ဗွီဒီယို ရိုက်ကူးပြီး ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ ပြောဆိုလိုက်တာပါ။

မိမိတို့အနေနဲ့ ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ၊ ဘယ်ကိစ္စကိုပဲ ရုန်းကန် လှုပ်ရှားနေပါစေ၊ ဒီ လူ့အခွင့်အရေး အထိမ်းအမှတ် သင်္ကေတက လူသားတွေကို အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး သင်္ကေတတို့၊ အချစ်ကို ကိုယ်စားပြုတဲ့ အသည်းပုံတို့လို နိုင်ငံတကာက လက်ခံနိုင်မယ့် လူ့အခွင့်အရေး အထိမ်းအမှတ် သင်္ကေတ တခု ပေါ်ထွက်လာဖို့ လှုပ်ရှားမှုကိုတော့ ဂျာမဏီနဲ့ တခြားနိုင်ငံ အတော်များများက မနေ့က အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။

www.humanrightslogo.net ဆိုတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လူ့အခွင့်အရေးဆိုင်ရာ သင်္ကေတ ဒီဇိုင်းပုံစံတွေ တင်သွင်းကြဖို့ ဖိတ်ခေါ်ထားတဲ့ နိုင်ငံတကာ လှုပ်ရှားမှုမှာ တိုင်းပြည် အတော်များများက ပါဝင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပြီး လတ်တလော သင်္ကေတပေါင်း ၂၀၀ လောက် ယှဉ်ပြိုင်ဖို့ ပေးပို့ထားကြတာပါ။

အများတင်သွင်းလာတဲ့ သင်္ကေတတွေထဲက ဆန်ကာတင် ၁၀ ခုကို အရင်ရွေးချယ်ပြီး အကောင်းဆုံးကို အများပြည်သူတွေ မဲပေး ဆုံးဖြတ်နိုင်အောင် အင်တာနက် စာမျက်နှာမှာ တင်ထားမယ်လို့ ဆိုပါတယ်။ နောက်ဆုံး အနိုင်ရသူကိုတော့ လာမယ့် စက်တင်ဘာလမှာ ကြေညာသွားမှာဖြစ်ပြီး ဆုကြေးငွေအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၇,၃၀၀ နဲ့ ညီမျှတဲ့ ယူရို ၅,၀၀၀ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG