သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား လူ့အခွင့်အရေး ကျဆင်းမှုအခြေအနေ HRW အစီရင်ခံစာဖော်ပြ 


မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ဖမ်းဆီးကွပ်မျက်ခံရတဲ့ ၈၈ မျိုးဆက် စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်ခဲ့သူ ကိုဂျင်မီအမှတ်တရ လန်ဒန်မြို့မှာပြသစဉ်။ 
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ဖမ်းဆီးကွပ်မျက်ခံရတဲ့ ၈၈ မျိုးဆက် စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်ခဲ့သူ ကိုဂျင်မီအမှတ်တရ လန်ဒန်မြို့မှာပြသစဉ်။ 

[[Zawgyi/Unicode]]

၂၀၂၂ ခုနှစ်ဟာ ယူကရိန်းကနေ တရုတ်နဲ့အာဖဂန်နစ္စတန်အထိ ကမ္ဘာတလွှား လူ့အခွင့်ရေးအခြေအနေ အဆိုးဝါးဆုံးဖြစ်ခဲ့တယ်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်ရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ကြာသပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး ထုတ်ဖေါ်ပြောဆိုသူတွေအများအပြား ထွက်ပေါ်လာခဲ့တာတွေ့ရကြောင်း နိုင်ငံပေါင်း ၁၀၀ လောက်က လူ့အခွင့်ရေးအခြေအနေတွေကို တင်ပြထားတဲ့ ၂၀၂၃ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။

၂၀၂၂ အတွင်း ထင်ရှားတဲ့ ချိုးဖေါက်မှုတွေကိုကြည့်ရင် ရုရှားသမ္မတ Vladimir Putin က ယူကရိန်းက အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ၊ တရုတ်အစိုးရက Uyghur မွတ်စလင်တွေကို အကျဉ်းချထားတာနဲ့ တာလီဘန်တွေက သန်းနဲ့ချီတဲ့ အာဖဂန်နိုင်ငံသားတွေ အငတ်ဘေးကြုံရအောင် လုပ်ဆောင်တာတွေဖြစ်ပြီး ဒါတွေဟာ လူအမြောက်အများ ဒုက္ခခံစားရအောင် အာဏာသုံး ဆောင်ရွက်တာကြောင့်ဖြစ်တာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒီလိုအုပ်ချုပ်တဲ့ အစိုးရတွေရဲ့ ချိုးဖေါက်မှုတွေကိုတွန်းလှန်ဖို့ ကမ္ဘာတလွှား လူ့အခွင့်ရေးရပိုင်ခွင့်ဆိုင်ရာစနစ် ပိုမိုခိုင်မာအားကောင်းလာပြီး အကာကွယ်ပေးနိုင်မယ့် လမ်းကြောင်းပွင့်လာတာကို ၂၀၂၂ ထဲမှာပဲ တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ၊ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ ဒေသခံတွေအပေါ် စစ်တပ်ရဲ့တိုက်ခိုက်မှုတွေ တိုးလာနေတယ်လို့ ထောက်ပြထားပါတယ်။ ယူကရိန်းမှာ ဖြစ်ပွါးခဲ့တဲ့ချိုးဖေါက်မှုတွေအတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးမှုတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် အချက်လက်စုံစမ်း စုဆောင်းတဲ့ နိုင်ငံတကာ တရားရေးယန္တရားအဖွဲ့ ဖွဲ့စည်းတာ၊ ကုလလူ့အခွင့်ရေးကောင်စီက မှတ်တမ်းတင်တာတွေ အပါအဝင် လူ့အခွင့်ရေးချိုးဖေါက်မှုတွေအတွက် အကာကွယ်ပေးဖို့ လုပ်လာနိုင်တာတွေ့ရပေမယ့် ရုရှားဘက်က ဆက်လက် ချိုးဖေါက်နေဆဲပဲ လို့ပြောပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာတော့ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အတင်းအဓမ္မခိုင်းစေတာခံနေရတဲ့ Uyghur မွတ်ဆလင်က ၁ သန်းလောက် ရှိနေပေမယ့် တရုတ်အစိုးရက ငြင်းဆိုနေတဲ့အပြင် ကုလသမဂ္ဂကလည်း ဘာမှ အရေးမယူနိုင်ဘဲဖြစ်နေသလို အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက အမျိုးသမီးတွအပေါ်ဖိနှိပ်မှုတွေ တိုးလာနေတာ၊ အီရန်မှာ အစိုးရဆန့်ကျင်သူတွေကို သေဒဏ်ပေးတာအပါအဝင် ဖိနှိပ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်မှာတော့ ရဲတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ငွေညှစ်တာ၊ နှိပ်စက်တာတွေ ကျူးလွန်နေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

===============


[[Unicode]]






XS
SM
MD
LG