သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္အစိုးရက ျမန္မာစစ္တပ္ကို သင္တန္းေပးေနဆဲ


စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က အရပ္သားေတြကို ၿဖိဳခြဲေနတဲ့ ျမန္မာစစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။ (မတ္လ ၂၊၂၀၂၁) 

[[Zawgyi/Unicode]]

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာစစ္တပ္ကို သင္တန္းေပးေနတာေတြ ခ်က္ခ်င္းရပ္ဖို႔ အေမရိကန္အေျခစိုက္ လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္တဲ့ Hunan Rights Watch ကေတာင္းဆိုလိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ စစ္သင္တန္းတက္ခဲ့သူ ဗိုလ္မွဴးခ်ဳပ္တင္စိုးဟာ ၂၀၂၁ ၾသဂုတ္လကေန ၂၀၂၂ ဇူလိုင္လအထိ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွာ တာဝန္ယူၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္းနဲ႔ ကယားျပည္နယ္ေတြက စစ္ဆင္ေရးေတြကို ကြပ္ကဲခဲ့တယ္လို႔ HRW ရဲ႕ ဒီေန႔ ၾသဂုတ္လ ၁၀ ရက္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
သူကြပ္ကဲတဲ့ စစ္ဆင္ေရးေတြမွာ စစ္တပ္ေတြဟာ အရပ္သားေတြကို သတ္ျဖတ္မႈနဲ႔ တျခားရက္စက္တဲ့ က်ဳးလြန္မႈေတြကို လုပ္ခဲ့တယ္လို႔ ေျပာထားပါတယ္။

ဒါေၾကာင့္ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာကို စစ္သင္တန္းေပးမႈေတြ ခ်က္ခ်င္းရပ္ဆိုင္းသင့္တဲ့အျပင္ စစ္ဥပေဒခ်ဳိးေဖာက္တဲ့ စစ္ဆင္ေရးေတြမွာ ဂ်ပန္ရဲ႕စစ္ပညာသင္ၾကားေရးအစီအစဥ္ေတြကို တက္ခဲ့သူေတြ ပါ မပါဆိုတာ စံုစမ္းသင့္တယ္လို႔ HRW ကေျပာပါတယ္။

ျမန္မာစစ္တပ္က လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေနတဲ့ စစ္ပဲြေနရာေတြမွာ ဂ်ပန္စစ္ တပ္က သင္တန္းေပးထားသူေတြ အမႈထမ္းေနၾကၿပီး ဂ်ပန္အစိုးရအေနနဲ႔ မီးနဲ႔ကစားေနတာကို ရပ္သင့္တယ္ လို႔ HRW ရဲ႕ အာရွအစီအစဥ္တာဝန္ခံံ Teppei Kasai က ထုတ္ျပန္ခ်က္ထဲမွာ ေျပာၾကားထားပါတယ္။
HRW က အလားတူ အရင္ကေတာင္းဆိုခဲ့တုန္းကေတာ့ ျမန္မာစစ္တပ္နဲ႔ စစ္ေရးပူးေပါင္းမႈကို ျဖတ္လိုက္မယ္ဆိုရင္ တ႐ုတ္က ပိုအသာစီးရသြားမယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရက Reuters သတင္းဌာနကို ေျပာခဲ့ပါတယ္။

ဗိုလ္မွဴးခ်ဳပ္ တင္စိုးဟာ ဗိုလ္မွဴးဘဝနဲ႔တုန္းက ဂ်ပန္ၾကည္းတပ္စစ္ေကာလိပ္မွာ ၂၀၁၆ ခုႏွစ္ August လကေန ၂၀၁၇ ခုႏွစ္ March လအထိ စစ္သင္တန္းသင္ယူခဲ့တယ္လို႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာန မွတ္တမ္းေတြကို အေျခခံၿပီး HRW ကေျပာၾကားထားပါတယ္။ သူဟာ ဂ်ပန္ႏိုင္ငံဆိုင္ရာ စစ္သံအမတ္ႀကီးတာဝန္ကို ၂၀၁၉ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အထိ ထမ္းေဆာင္ခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ၂၀၂၁ ခုႏွစ္မွာ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ သူျမန္မာႏိုင္ငံကို ျပန္သြားခဲ့ၿပီး ဗိုလ္မွဴးခ်ဳပ္ရာထူး တိုးျမႇင့္ ခန္႔အပ္ခံရတယ္လို႔လည္း သတင္းဇစ္ျမစ္ ၂ ခုကေန သိရတယ္လို႔ HRW ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဂျပန်အစိုးရက မြန်မာစစ်တပ်ကို သင်တန်းပေးနေဆဲ

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို သင်တန်းပေးနေတာတွေ ချက်ချင်းရပ်ဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ Hunan Rights Watch ကတောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့သူ ဗိုလ်မှူးချုပ်တင်စိုးဟာ ၂၀၂၁ သြဂုတ်လကနေ ၂၀၂၂ ဇူလိုင်လအထိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ယူပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တွေက စစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့တယ်လို့ HRW ရဲ့ ဒီနေ့ သြဂုတ်လ ၁၀ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူကွပ်ကဲတဲ့ စစ်ဆင်ရေးတွေမှာ စစ်တပ်တွေဟာ အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ တခြားရက်စက်တဲ့ ကျုးလွန်မှုတွေကို လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။

ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာကို စစ်သင်တန်းပေးမှုတွေ ချက်ချင်းရပ်ဆိုင်းသင့်တဲ့အပြင် စစ်ဥပဒေချိုးဖောက်တဲ့ စစ်ဆင်ရေးတွေမှာ ဂျပန်ရဲ့စစ်ပညာသင်ကြားရေးအစီအစဉ်တွေကို တက်ခဲ့သူတွေ ပါ မပါဆိုတာ စုံစမ်းသင့်တယ်လို့ HRW ကပြောပါတယ်။

မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ စစ်ပွဲနေရာတွေမှာ ဂျပန်စစ် တပ်က သင်တန်းပေးထားသူတွေ အမှုထမ်းနေကြပြီး ဂျပန်အစိုးရအနေနဲ့ မီးနဲ့ကစားနေတာကို ရပ်သင့်တယ် လို့ HRW ရဲ့ အာရှအစီအစဉ်တာဝန်ခံံ Teppei Kasai က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
HRW က အလားတူ အရင်ကတောင်းဆိုခဲ့တုန်းကတော့ မြန်မာစစ်တပ်နဲ့ စစ်ရေးပူးပေါင်းမှုကို ဖြတ်လိုက်မယ်ဆိုရင် တရုတ်က ပိုအသာစီးရသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနပြောခွင့်ရက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

ဗိုလ်မှူးချုပ် တင်စိုးဟာ ဗိုလ်မှူးဘဝနဲ့တုန်းက ဂျပန်ကြည်းတပ်စစ်ကောလိပ်မှာ ၂၀၁၆ ခုနှစ် August လကနေ ၂၀၁၇ ခုနှစ် March လအထိ စစ်သင်တန်းသင်ယူခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်းတွေကို အခြေခံပြီး HRW ကပြောကြားထားပါတယ်။ သူဟာ ဂျပန်နိုင်ငံဆိုင်ရာ စစ်သံအမတ်ကြီးတာဝန်ကို ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် သူမြန်မာနိုင်ငံကို ပြန်သွားခဲ့ပြီး ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့် ခန့်အပ်ခံရတယ်လို့လည်း သတင်းဇစ်မြစ် ၂ ခုကနေ သိရတယ်လို့ HRW ကပြောပါတယ်။

XS
SM
MD
LG