သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့ခွင့်ရေး ကမ္ဘာ့ဘဏ်အလေးပေးဖို့ HRW တိုက်တွန်း


ကရင်မြောက်ပိုင်းတွင် စစ်ဘေးက ထွက်ပြေးနေရသည့် မိသားတစု။ ဇန်နဝါရီ ၉၊ ၂၀၁၅။
ကရင်မြောက်ပိုင်းတွင် စစ်ဘေးက ထွက်ပြေးနေရသည့် မိသားတစု။ ဇန်နဝါရီ ၉၊ ၂၀၁၅။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာအပေါ် ကမ္ဘာ့ဘဏ်အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြံပြုစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အဓိကကိုင်တွယ်ရမယ့် ပြဿနာတွေကတော့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာ၊ မြေယာသိမ်းမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတာနဲ့ စနစ်တကျ လာဘ်စားမှု ကျူးလွန်တာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး တိုးတက်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အားနည်းမှုတွေ ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဆိုးရွားတဲ့ ပြဿနာအများအပြားလည်း ရှိနေသေးတဲ့အကြောင်း HRW က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပညာရေး ကျန်းမာရေး လျှပ်စစ်မီးရရှိဖု့ိ ဆောင်ရွက်နေတာတွေမှာ ကမ္ဘာ့ဘဏ်ဟာ အရေးပါတဲ့ နေရာမှာ ရှိနေတာပါ။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်အောင် တကယ်ဆောင်ရွက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ပြဿနာတွေကို မြင်အောင် ကြည့်ဖို့လိုကြောင်းနဲ့ ဒီပြဿနာတွေကို လေးလေးနက်နက် ထုတ်ဖော်တင်ပြသွားဖို့ လိုအပ်ကြောင်းကိုလည်း HRW တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG