ထိုင်းနိုင်ငံ လူဝင်မှုစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း လူဝင်မှု ထိန်းသိမ်းရေးစခန်း တစ်ခုကနေ ရိုဟင်ဂျာ ၈၀ ကျော် ထွက်ပြေးသွားတယ် ဆိုတဲ့သတင်း ထွက်လာချိန်မှာပဲ HRW အဖွဲ့က အဲဒီလို တောင်းဆိုလိုက်တာပါ။
သူတို့ကို ထိန်းသိမ်းထားစဉ်ကာလမှာလည်း ထိုင်းအစိုးရအနေနဲ့ အကာအကွယ်ပေး သင့်တယ်လို့ HRW က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ထိုင်းနိုင်ငံတဝှမ်းက လူဝင်မှု ထိန်းသိမ်းရေးစခန်းတွေနဲ့ လူမှုဝန်ထမ်းဂေဟာတွေမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၁,၈၃၉ ဦးကို ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေဆီ လွှဲပြောင်းဖို့ ထိုင်းအစိုးရအဖွဲ့က စဉ်းစားနေတယ်ဆိုတဲ့ သတင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ထွက်လာခဲ့ပြီး သီတင်းတပတ်အကြာ သြဂုတ်လ ၂၀ ရက်နေ့မှာ HRW အဖွဲ့က ထိုင်းအစိုးရကို တောင်းဆို တိုက်တွန်းလိုက်တာပါ။
ဆိုးရွားပြီး ဘေးကင်းလုံခြုံမှု မရှိတဲ့ အခြေအနေနဲ့ လက်ရှိမှာ သူတို့ကို ထိန်းသိမ်းထားတာကနေ ပြန်လွှတ်ပေးစေချင်ပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန် (Phil Robertson) က ဗွီအိုအေကို ပြောပါတယ်။
“သူတို့ကို ယာယီ အကာအကွယ် ပေးသင့်ပါတယ်၊ သူတို့နဲ့ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတာကို အစိုးရက နည်းလမ်းရှာနေတဲ့အချိန်မှာ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ခွင့်တွေ ပေးသင့်ပါတယ်။ သူတို့ကို အခုလိုမျိုး လူတွေပြည့်ကျပ်နေတဲ့၊ သန့်ရှင်းမှုမရှိတဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အန္တရာယ်ရှိတဲ့ လူဝင်မှုစခန်းတွေမှာ ပိတ်လှောင်ပြီး ထိန်းသိမ်းမထားသင့်ပါဘူး။”
တရားမဝင် ဝင်ရောက်လာသူတွေဆိုပြီး ထိုင်းအစိုးရက ဖမ်းဆီးထားသူတွေကို အခုလိုမျိုး လွတ်လပ်စွာ သွားလာခွင့်တွေ၊ အလုပ်လုပ်ခွင့်တွေ ပေးဖို့ဆိုတာဟာ တကယ်တမ်း ဖြစ်နိုင်ခြေရှိရဲ့လားဆိုတာက မေးခွန်းထုတ်စရာပါ။ ဖီလ် ရောဘတ်ဆန်ကတော့ ဒါဟာ ဖြစ်နိုင်ခြေရှိသလို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့လည်း ကိုက်ညီတယ်လို့ ပြောပါတယ်။ တကယ်တမ်းကျတော့ ရိုဟင်ဂျာတွေကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေအဖြစ် သတ်မှတ် စဉ်းစားသင့်တယ်လို့ မစ္စတာ ရောဘတ်ဆန်က ပြောပါတယ်။
“သူတို့ကို ထိုင်းအစိုးရက အကာအကွယ် ပေးသင့်ပါတယ်၊ သူတို့ဟာ တတိယနိုင်ငံ တစ်ခုကို သွားခွင့်မရကြဘူးဆိုရင်၊ မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆီ ပြန်လို့မရနိုင်တာကတော့ သေချာပါတယ်။ သူတို့အတွက် နောက်ထပ် အဖြေတစ်ခုကို ရှာရပါမယ်။ ရိုဟင်ဂျာတွေကို ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုတာ သေချာစေရေး ထိုင်းနိုင်ငံအနေနဲ့ တိုးမြှင့်လုပ်ဆောင်ရပါမယ်။”
ထိုင်းအစိုးရကို HRW အဖွဲ့က တောင်းဆိုလိုက်တဲ့ တစ်ရက်ထဲမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း၊ Sadao ခရိုင်က လူဝင်မှုထိန်းသိမ်း ရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်တွေထဲက ၈၆ ယောက် ထက်မနည်းဟာ စခန်းကိုဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ သူတို့ကို ထိန်းသိမ်းထားတာပါ။ ထွက်ပြေးသွားသူတွေထဲက အနည်းဆုံးနှစ်ယောက်ကို ပြန်ဖမ်းမိပြီလို့တော့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့တွေ အခုလိုထွက်ပြေးရတာဟာ HRW အဖွဲ့က ပြောသလိုပဲ စခန်းမှာ လူတွေပြည့်ကျပ်နေတာ၊ သန့်ရှင်းမှုနဲ့ လုံခြုံမှုမရှိတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့်ဖြစ်တယ်ဆိုတာကို APHR လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကလည်း ထောက်ပြ ပြောဆိုပါတယ်။
ရိုဟင်ဂျာတွေပတ်သက်တဲ့ စိုးရိမ်ချက်တွေကို ထိုင်း အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဒေသဆိုင်ရာ အဖြေတစ်ခုရှာဖို့ APHR အဖွဲ့ကလည်း ထိုင်းအစိုးရကို တောင်းဆိုပါတယ်။
APHR အဖွဲ့ဥက္ကဋ္ဌ အင်ဒိုနီးရှားလွှတ်တော်အမတ် မစ္စ အီဗာ ဆွန်ဒါရီပါ။
တကယ်ကတော့ မြန်မာနိုင်ငံတွင်းမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်မှာ အခုလို ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲတာကိုက အငြင်း ပွားဖွယ်ကိစ္စတစ်ခု ဖြစ်နေတာပါ။ မြန်မာနိုင်ငံက လူနည်းစု လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ မြန်မာအစိုးရကရော မြန်မာလူထုအများစုကပါ ရပ်တည် ပြောဆိုကြပါတယ်။
ဒါပေမဲ့လည်း နိုင်ငံတကာမှာတော့ ရိုဟင်ဂျာလို့ပဲ ခေါ်ဝေါ်သုံးစွဲကြပြီး သူတို့ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ခွဲခြားဆက်ဆံမှုနဲ့ အဖိနှိပ်ခံရဆုံး လူနည်းစု လူမျိုးစုဝင်တွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။