သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေး လူ့အခွင့်အရေးကိစ္စထည့်သွင်းဖို့ HRW တိုက်တွန်း


လာမယ့် တနင်္လာနေ့ကစပြီး တရုတ်နိုင်ငံရဲ့မြို့တော် Beijing မှာ ၄ ရက်ကြာ ကျင်းပမယ့် ဆွေးနွေးပွဲကြီးအတွင်း လူ့အခွင့်အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကို လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

HRW အဖွဲ့ကြီးရဲ့ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Sophie Richardson က တရုတ်သမ္မတ Xi Jinping ကို ရေးသားပေးပို့လိုက်တဲ့ စာထဲမှာ တရုတ်နိုင်ငံမှာ အရေးကြီးတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ရပ်တန့်နေသလို အစိုးရကကျူးလွန်တာ ဒါမှမဟုတ် ပြည်သူလူထုရဲ့ အခြေခံ လူ့အခွင့်အရေးအကာကွယ်ပေးဖို့ ပျက်ကွက်မှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။ မစ္စတာ Xi Jinping ဟာ တရုတ်ကွန်မြူနစ် ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး မစ္စ် Richardson က လွတ်လပ်စွာ သဘောထားထုတ်ဖေါ်ပြောဆိုမှုကြောင့် အရေးယူခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဥပဒေနဲ့အညီ မဟုတ်တဲ့ ဖမ်းဆီးမှုတွေကို ဖျက်သိမ်းပေးဖို့ တိုက်တွန်းထားပါတယ်။

အခုနှစ် ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးဟာ ဥပဒေစိုးမိုးရေးကိစ္စကို အာရုံစိုက် ဆွေးနွေးကြဖို့ ရှိပါတယ်။

XS
SM
MD
LG