စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ဖို့ ရှိတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးပါတဲ့ စီးပွါးရေး ဒဏ်ခတ်မှုတွေ ရုတ်သိမ်းပေးဖို့ စီစဉ်နေတဲ့ အိုဘားမား အစိုးရအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ရေး လမ်းလွဲစေဖို့ စစ်တပ်က မလုပ်နိုင်အောင် ဒီဒဏ်ခတ် မှုတွေကို ဆက်လက်ထားရှိ သင့်တယ်လို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ရဲ့ ဒီ အရေးယူဒဏ်ခတ် မှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်း လဲမှုတွေ လုပ်လာစေဖို့ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ အတွက် ဦးတည်ချမှတ်ထားတာ ဖြစ်တဲ့အတွက် ဒါတွေဟာ စစ်တပ်က အရပ်သား အစိုးရကို အာဏာအပြည့်အဝ လွှဲပြောင်းပေးဖို့နဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အဆုံး သတ်စေဖို့ စစ်တပ်ကို ဖိအားပေးရာမှာ အရေးပါတယ်လို့ HRW ရဲ့ အာရှရေးရာ ဒါရိုက်တာ John Sifton က ပြောပါတယ်။
၂၀၁၂ ဇူလိုင်လကနေ ၂၀၁၆ မေလအတွင်း မြန်မာ့ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းေ တွ၊ သွင်းကုန်တွေနဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ကန့် သတ်ထားမှု အများအပြားကို အမေရိကန်က ဖြေလျှော့ပေးခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ပိတ်ပင်မှု အများစုဟာ မြန်မာစစ်ဘက်ဆိုင်ရာတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ SDN ခေါ် လူပုဂ္ဂိုလ် အဖွဲ့စည်း အလိုက် အမေရိကန် ဘဏ္ဍာရေးဌာနက ပစ်မှတ်ထား ကန့်သတ်သူတွေပဲ ကျန်တာပါ။
မေလထဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံမှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာလည်း စစ်တပ်က မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခွင့် မပေးမချင်း အရေးယူ ဒဏ်ခတ်ထား မှုတွေ မဖယ်ရှားဖို့ သဘောထား ရှိကြောင်း ၂ ဖက်စလုံးက ပြသခဲ့တယ်လို့ HRW ကပြောပါတယ်။
အမေရိကန် လွှတ်တော်က မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်နေမှုတွေ အတွက် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်တာနဲ့ ဒဏ်ခတ်မှု ဆက်လက်ထားရှိဖို့ လုပ်ဆောင်ရာမှာ အဓိကကဏ္ဍကနေ ပါဝင်နေပြီး အထူးသဖြင့် လူ့အခွင့်ရေး ချိုးဖေါက်မှု အများဆုံး ရှိနေပြီး စစ်ဗိုလ်ကြီးတွေ ကို ငွေကြေးထောက်ပံ့မှု ပေးနေ တဲ့ ကျောက်မျက် ကဏ္ဍဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုတွေ SDN အရေးယူမှုတွေ ဆက်လက် ထားရှိတာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး နောက်ကြောင်း ပြန်မသွားေ စဖို့ အရေးပါတာမို့ ဆက်လက် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။