သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာကူးပြောင်းမှု ဥပဒေကြမ်း HRW ကန့်ကွက်


Human Rights Watch HRW
Human Rights Watch HRW
မူဆလင်နဲ့အခြားလူနည်းစုဘာသာဝင်တွေ အပေါ်မှာ ဖိနှိပ် အကြမ်းဖက်မှုတွေကို အားပေးတဲ့ အဆိုပြုထားတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေး ဆိုင်ရာဥပဒေမူကြမ်းကို မြန်မာလွှတ်တော်ကနေ လက်မခံဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြပ်မှု အဖွဲ့က ကြေညာချက် ထုတ် တောင်းဆိုခဲ့ပါတယ်။ မေလ ၂၇ ရက်နေ့ အစိုးရထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ဘာသာရေးကူးပြောင်းမှုဆိုင်ရာ ဥပဒေမူကြမ်းဟာ ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ လွတ်လပ်စွာ ဘာသာကူးပြောင်း ယုံကြည်ပိုင်ခွင့်ကို ထိခိုက်စေတယ်ဆိုပြီး HRW က ကန့်ကွက်ခဲ့တာပါ။

ယုံကြည်မှုဆိုင်ရာကိစ္စရပ်တွေမှာ အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ပေးထားတဲ့ ဒီ ဥပဒေကြမ်းဟာ ဘာသာရေး လူမျိုးရေးတင်းမာမှုတွေ ဖြစ်လာစေဖို့ အစိုးရက မီးထိုးပေးတာဖြစ်တယ်လို့ HRW အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှုး Brad Adams က ပြောပါတယ်။ အခု အဆိုပြုထားတဲ့ ဥပဒေမူကြမ်းအရဆိုရင် ဘာသာကူးပြောင်းလိုသူ မြန်မာနိုင်ငံသားတွေအနေနဲ့ သာသနာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားရေးရာ စတဲ့ အစိုးရဌာနတွေက ဒေသတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်အဆင့်ဆင့် ယူရမှာဖြစ်တယ်လို့ HRW ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီ ဥပဒေ အတည်ပြုခဲ့မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ မိမိဆန္ဒထုတ်ဖော်ခွင့် စတဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့လည်း HRW က သတိပေးထားပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ လွတ်လပ်စွာ ထိမ်းမြား လက်ထပ်ခွင့်ဆိုတဲ့ CEDAW အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး သဘောတူညီချက်ပါ အမျိုးသမီးအခွင့်အရေးတွေကိုလည်း ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုပြီး အမျိုးသမီးတွေ ဘာသာခြား ထိမ်းမြားလက်ထပ်မှုကို ကန့်သတ်ဖို့ဆိုပြီး အဆိုပြုမှုတွေ ရှိခဲ့တာကြောင့် မြန်မာသမတကနေ လွှတ်တော်ကို ဒီ ဥပဒေတွေ ပြဌာန်းပေးဖို့ဆိုပြီး တင်ပြခဲ့တာပါ။ ဒီနောက် လွှတ်တော်ကနေ အပိုင်းလေးပိုင်းခွဲပြီး ဥပဒေပြုစုဖို့ဆိုပြီး အစိုးရကို ပြန်တာဝန်ပေးခဲ့ပါတယ်။ အခု ဥပဒေကြမ်း ကတော့ သာသာနာရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြတဲ့ မူကြမ်းဖြစ်ပါတယ်။
XS
SM
MD
LG