သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပို့ခံရတဲ့ မြောက်ကိုရီးယား ဒုက္ခသည်များ အခြေအနေ HRW စိုးရိမ်


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ တရုတ်သံရုံးရှေ့ မြောက်ကိုရီးယားဒုက္ခသည်တွေအရေး ဆန္ဒပြနေကြစဉ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ တရုတ်သံရုံးရှေ့ မြောက်ကိုရီးယားဒုက္ခသည်တွေအရေး ဆန္ဒပြနေကြစဉ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ဆီကို အတင်းအကြပ်ပြန်ပို့ခံရတယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယား ဒုက္ခသည် ၉ ယောက် ဘယ်မှာရှိတယ်ဆိုတာကို အမြန်ဆုံး ထုတ်ဖော်ပြောဖို့ လူ့အခွင့်အရေးအဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံထဲကနေ ထွက်ပြေးခဲ့တဲ့ လူငယ် ၉ ယောက်ကို အရေးမယူပါဘူး ဆိုတဲ့ မြောက်ကိုရီးယားအစိုးရရဲ့ အာမခံချက် လိုချင်တယ်လို့ Human Rights Watch အဖွဲ့က ဒီကနေ့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ထွက်ပြေးတဲ့ လူငယ် ဒုက္ခသည်တွေမှာ အကြီးအကျယ် အန္တရာယ်ရှိနေတယ်လို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှုး Phil Robertson ကပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အခုလို နိုင်ငံထဲကနေ ပြေးသွားတဲ့သူတွေကို ရာဇဝတ်သားတွေအဖြစ် သတ်မှတ်ပြီး၊ ထွက်ပြေးဖို့ ကြိုးစားသူတွေ၊ ပြန်ပို့ခံရသူတွေ နှိပ်စက်ခံရတယ်လို့ Phil Robertson က ဆိုပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၃ နှစ်ကြား လူငယ်တွေဟာ မေလထဲ Laos နိုင်ငံထဲမှာ အဖမ်းခံရပြီး Laos အာဏာပိုင်တွေက တရုတ်ကို လွဲပေးလိုက်တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီလူငယ်တွေ အခုဘယ်ရောက်နေသလဲဆိုတာ လက်ရှိမှာ မသိရပေမဲ့ သူတို့ကို မြောက်ကိုရီးယားကို လွှဲပေးလိုက်တယ်ဆိုတဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး Yonhap သတင်းမှာ ဖော်ပြ ထားတာပါ။ တောင်ကိုရီးယားဖက်က တောင်းပန်နေတဲ့ကြားက ဒီသတင်းပါတ်ထဲမှာပဲ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။ နိုင်ငံတကာဥပဒေအရ အခုလို ထွက်ပြေးကြသူတွေကို သူတို့ ဖမ်းဆီး နှိပ်စက်ခံရနိုင်တဲ့နေရာတွေဆီ အတင်းအကြပ် ပြန်ပို့လို့ မရဘူးလို့ HRW ကပြောပါတယ်။
XS
SM
MD
LG