သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ HRW တိုက်တွန်း


An Egyptian civilian runs out of a public bus after it was caught up in clashes between supporters of Egypt's deposed president Mohamed Morsi and police in the northeastern part of Cairo's Nasr City district.
An Egyptian civilian runs out of a public bus after it was caught up in clashes between supporters of Egypt's deposed president Mohamed Morsi and police in the northeastern part of Cairo's Nasr City district.
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ကတိပေးထားပေမဲ့လည်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာကို ထောက်ပြပြီး အခုနောက်ဆုံး လွှတ်ပေးလိုက်တဲ့ကိစ္စအပေါ် လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတိထား တုန့်ပြန်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကျဉ်းသား ၅၁၄ ဦးကို သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ခွင့်ပေး ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားက ၁၀၀ န ီးပါးပဲပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒါဟာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပုံစံအမျိုးမျိုးနဲ့ အကျဉ်းသားတွေကိုလွှတ်ပေးခဲ့တဲ့ထဲက ခြောက်ကြိမ်မြောက်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီလွတ်ငြိမ်းခွင့်ဟာ သမ္မတဦးသိန်းစိန် ကတိပေးထားသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပါမယ် ဆိုတာနဲ့ မပြည့်မီဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားပါတယ်။ အကျဉ်းထောင်တွေထဲ မှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို သိနိုင်ဖို့ သီးခြား လွတ်လပ်တဲ့အဖွဲ့တွေကို အကျဉ်းထောင်တွေထဲ ဝင်ရောက် လေ့လာခွင့်ပြုဖို့ HRW က တောင်းဆို ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၀၀ ပတ်ဝန်းကျင် အကျဉ်းထောင်တွေထဲမှာ ရှိနေတုန်းပဲလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ခန့်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့ မှာပြောခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သးသရွေ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန်ပြည်ထောင်စုမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ၊ ဂိုဏ်းဂဏကွဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကိုင် စစ်ပွဲတွေ ဖြစ်နေသေးတာကို ထောက်ပြ ပြီး မြန်မာအစိုးရအနေနဲ့ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က လည်း အင်္ဂါနေ့မှာ အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ဆီ ထွက်မလာခင်မှာပဲ အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေထဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ အဟန့်အတားမရှိ ဝင်ခွင့်ပြု ရေး သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဖိအားပေးတောင်းဆိုဖို့ HRW အဖွဲ့က အလှူရှင်အစိုးရတွေကို တိုက်တွန်း ထားပါတယ်။
XS
SM
MD
LG