{{Zawgyi/Unicode}}
ဒီေန႔မနက္အေစာပိုင္းက တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕မွာရွိတဲ့ NLD တိုင္း႐ုံးမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ႏွစ္ထပ္အေဆာက္အဦတခုလုံး ၿပိဳက်ခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္တဲ့ အနီးတဝိုက္မွာ ရဲက လုံၿခဳံေရးယူထားၿပီး NLD အလံကိုလည္း ျဖဳတ္သိမ္းသြားတယ္လို႔ မ်က္ျမင္ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ထားဝယ္ၿမိဳ႕၊ ကရပ္ျပင္ရပ္ကြက္ ေျမာက္ပိုင္းမွာရွိတဲ့ NLD တိုင္း႐ုံးမွာ ဒီေန႔ ေအာက္တိုဘာ ၂၁ ရက္ မနက္ ၂ နာရီေလာက္က ႀကီးမားတဲ့ေပါက္ကြဲမႈတခု ျဖစ္ပြားခဲ့ၿပီး အေဆာက္အဦတခုလုံး ၿပိဳက်ခဲ့ပါတယ္။ ေပါက္ကြဲသံကို ၿမိဳ႕ရဲ႕ အလွမ္းေဝးတဲ့ ေနရာကေတာင္ ၾကားရတယ္လို႔ ထားဝယ္ၿမိဳ႕ ေဒသခံေတြက ဗြီအိုေအ ကို ေျပာပါတယ္။ ျဖစ္စဥ္အေသးစိတ္ကို ကရပ္ျပင္ရပ္ကြက္ေန ေဒသခံတဦးက အခုလိုေျပာပါတယ္။
“အေဆာက္အဦက အကုန္လုံး ၿပိဳက်သြားတယ္ခင္ဗ်။ ျပားသြားတာေပါ့ဗ်ာ၊ ေျမႀကီးအေပၚမွာ အကုန္လုံး ျပားျပားႀကီးဝပ္သြားတာ အဲလိုျဖစ္သြားတာ။ ေပါက္ကြဲတဲ့အသံက ေတာ္ေတာ္ေလး ၾကမ္းတာခင္ဗ်။ က်ေနာ့အိမ္ေဘးကို လက္နက္ႀကီး က်တယ္လို႔ထင္တာ။ အိမ္နားက လူေတြကေတာ့ သူတို႔အိမ္ ၿပိဳက်ၿပီလို႔ ထင္ၾကတာခင္ဗ်။”
NLD ႐ုံးရဲ႕ အုတ္က်ိဳးအပိုင္းေတြ လြင့္စင္က်သြားတဲ့အတြက္ အနီးအနားက အိမ္တခ်ိဳ႕ရဲ႕ ေခါင္မိုးေတြလည္း ေပါက္ၿပဲသြားေၾကာင္း မ်က္ျမင္ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။
စစ္ေကာင္စီကေတာ့ ဒီျဖစ္စဥ္ဟာ "NLD ပါတီ ေထာက္ခံသူေတြျဖစ္တဲ့ အၾကမ္းဖက္သမားေတြက NLD ပါတီအတြင္း ေငြေၾကးအ႐ႈပ္အရွင္းေတြ ရွင္းလင္းတာမလုပ္တဲ့အတြက္ အခ်င္းအခ်င္းမသင့္ျမတ္ဘဲ လုပ္တာျဖစ္တယ္လုိ႔ သတင္းရရွိတယ္" ဆိုၿပီး စြပ္စြဲေျပာဆိုထားပါတယ္။
ေပါက္ကြဲမႈမျဖစ္ခင္ တရက္က NLD ႐ုံးတဝိုက္မွာ ရဲနဲ႔ အရပ္ဝတ္လုံၿခဳံေရးလို႔ ယူဆရသူေတြ လွည့္လည္ေနတာျမင္ရတယ္လို႔လည္း ကိုယ္တိုင္ျမင္ေတြ႔သူေတြက ေျပာပါတယ္။။ ေပါက္ကြဲမႈျဖစ္ၿပီး ဒီေန႔မနက္ ၈ နာရီေလာက္မွာေတာ့ ရဲကားနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြ ေရာက္လာၿပီး အနီးအနားကအိမ္ေတြကို လိုက္စစ္ေဆးသလို လုံၿခဳံေရးကင္မရာေတြကိုလည္း ျဖဳတ္သိမ္းသြားပါတယ္။
“အလံလည္း လာျဖဳတ္သြားတယ္ခင္ဗ်၊ NLD အလံကိုလည္း။ လူေတြကေတာ့ဗ်ာ သူတို႔ အခ်င္းခ်င္း လုပ္တာပဲလို႔ ေျပာၾကတယ္ခင္ဗ်။ အဲလိုလုပ္ဖို႔အတြက္လည္း တရက္ႏွစ္ရက္ေလာက္ကတည္းက ႀကိဳၿပီးေတာ့ အဲလိုဆိုင္ကယ္ေတြပတ္ေနတာ။”
ဒီေဖာက္ခြဲမႈဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာေတာ့ ဗြီအိုေအက ေလာေလာဆယ္ မသိရေသးပါဘူး။
စစ္ေကာင္စီကေတာ့ ဒီျဖစ္စဥ္ဟာ "NLD ပါတီ ေထာက္ခံသူေတြျဖစ္တဲ့ အၾကမ္းဖက္သမားေတြက NLD ပါတီအတြင္း ေငြေၾကးအ႐ႈပ္အရွင္းေတြ ရွင္းလင္းတာမလုပ္တဲ့အတြက္ အခ်င္းအခ်င္းမသင့္ျမတ္ဘဲ လုပ္တာျဖစ္တယ္လုိ႔ သတင္းရရွိတယ္" ဆိုၿပီး စြပ္စြဲေျပာဆိုထားပါတယ္။
အလားတူပဲ တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕က NLD ခ႐ိုင္႐ုံးမွာလည္း ဗုဒၶဟူးေန႔က ေပါက္ကြဲမႈတခု ျဖစ္ခဲ့ပါေသးတယ္။ ဒီလုပ္ရပ္အေပၚမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႔ ဒုဥကၠ႒ ဦးဘိုဘိုဦးက အခုလိုတုံ႔ျပန္ပါတယ္။
“အမုန္း အာဃာတေတြဆိုတာက ရွင္းရွင္းေျပာရရင္ေတာ့ ျပည္သူကို မေက်နပ္တဲ့ဥစၥာကို ဒီမွာလာၿပီး ပုံရတာေပါ့ဗ်ာ။ အစစ အရာရာ။ ျပည္သူကိုလည္း ႏွိပ္ကြပ္ေနသလိုေပါ့။ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကိုလည္း ၿဖိဳခြဲျပေနတာေပါ့။ အလားတူေပါ့၊ ဒီပရဟိတလုပ္တဲ့ အဖြဲ႔အစည္းေတြရွိတယ္ဗ်ာ၊ ကိုဗစ္ကာလမွာဆိုရင္ အားလုံးက တက္တက္ႂကြႂကြ ညီညီၫြတ္ၫြတ္နဲ႔ လုပ္ခဲ့ၾကတယ္၊ ဒါေတြအေပၚမွာလည္း မနာလိုမုန္းတားေတြထားၿပီး အကုန္လုံးကိုလည္း ဖ်က္စီးပစ္တာပဲဗ်။ ဒီမိုကေရစီကို အေထာက္အကူျပဳေစမယ့္ အဖြဲ႔အစည္း မွန္သမွ်ကို သူၿဖိဳေနတာဗ်။ ဒါက အင္မတန္မွ စိုးရိမ္စရာ ေကာင္းပါတယ္၊ တိုင္းျပည္အတြက္ မေကာင္းပါဘူး။”
တနသၤာရီတိုင္းထဲက ေဒသတခ်ိဳ႕မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြ၊ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႔ေတြရဲ႕ လႈပ္ရွားမႈေတြကေတာ့ ဆက္ၿပီးရွိေနပါတယ္။ ေဒသခံကာကြယ္ေရးအဖြဲ႔တခ်ိဳ႕ဘက္က အေသးစားေဖာက္ခြဲမႈေတြကိုလည္း လုပ္ခဲ့တာရွိပါတယ္။
တနသၤာရီတိုင္းထဲမွာ ပိုမိုျပင္းထန္တဲ့ တိုက္ခိုက္မႈေတြ လုပ္သြားမယ္လို႔လည္း ၿမိတ္ခ႐ိုင္ ျပည္သူ႔ ကာကြယ္ေရးအဖြဲ႔ေတြက အခုသီတင္းပတ္အတြင္းမွာပဲ ထုတ္ျပန္ထားပါတယ္။
အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔တနသၤာရီတိုင္းက ထားဝယ္၊ ေလာင္းလုံနဲ႔ သရက္ေခ်ာင္း ၿမိဳ႕နယ္ေတြကို မသြားၾကဖို႔ အေမရိကန္သံ႐ုံးရဲ႕ အႀကံျပဳ တိုက္တြန္း ခ်က္ကို ေအာက္တိုဘာ ၁၄ ရက္ေန႔စြဲနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။ အဲဒီေဒသေတြမွာ ရွိေနၾကတဲ့ အေမရိကန္ေတြ အပါအဝင္ ႏိုင္ငံျခားသားေတြအားလုံးရဲ႕ လုံၿခဳံေရးကို အာမမခံႏိုင္တဲ့အတြက္ ထြက္ခြာသြားဖို႔ တနသၤာရီတိုင္း အာဏာပိုင္ေတြက ေအာက္တိုဘာ ၁၁ ရက္မွာ ၫြန္ၾကားခဲ့တယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဌာနကျမန္မာႏိုင္ငံကိုခရီးသြားရင္ အႏၲရာယ္ရွိတဲ့ အျမင့္ဆုံးအဆင့္ ၄ ကို သတ္မွတ္ထားၿပီး အေမရိကန္ႏိုင္ငံျခားသားေတြအေနနဲ႔ ခရီးမသြားသင့္ဘူးလို႔ အႀကံျပဳထားပါတယ္။
==========
{Unicode}}
ထားဝယ် NLD တိုင်းရုံး ပေါက်ကွဲပြိုကျ
ဒီနေ့မနက်အစောပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာရှိတဲ့ NLD တိုင်းရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ထပ်အဆောက်အဦတခုလုံး ပြိုကျခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အနီးတဝိုက်မှာ ရဲက လုံခြုံရေးယူထားပြီး NLD အလံကိုလည်း ဖြုတ်သိမ်းသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက် မြောက်ပိုင်းမှာရှိတဲ့ NLD တိုင်းရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက် ၂ နာရီလောက်က ကြီးမားတဲ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး အဆောက်အဦတခုလုံး ပြိုကျခဲ့ပါတယ်။ ပေါက်ကွဲသံကို မြို့ရဲ့ အလှမ်းဝေးတဲ့ နေရာကတောင် ကြားရတယ်လို့ ထားဝယ်မြို့ ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို ကရပ်ပြင်ရပ်ကွက်နေ ဒေသခံတဦးက အခုလိုပြောပါတယ်။
“အဆောက်အဦက အကုန်လုံး ပြိုကျသွားတယ်ခင်ဗျ။ ပြားသွားတာပေါ့ဗျာ၊ မြေကြီးအပေါ်မှာ အကုန်လုံး ပြားပြားကြီးဝပ်သွားတာ အဲလိုဖြစ်သွားတာ။ ပေါက်ကွဲတဲ့အသံက တော်တော်လေး ကြမ်းတာခင်ဗျ။ ကျနော့အိမ်ဘေးကို လက်နက်ကြီး ကျ တယ်လို့ထင်တာ။ အိမ်နားက လူတွေကတော့ သူတို့အိမ် ပြိုကျပြီလို့ ထင်ကြတာခင်ဗျ။”
NLD ရုံးရဲ့ အုတ်ကျိုးအပိုင်းတွေ လွင့်စင်ကျသွားတဲ့အတွက် အနီးအနားက အိမ်တချို့ရဲ့ ခေါင်မိုးတွေလည်း ပေါက်ပြဲသွားကြောင်း မျက်မြင်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ "NLD ပါတီ ထောက်ခံသူတွေဖြစ်တဲ့ အကြမ်းဖက်သမားတွေက NLD ပါတီအတွင်း ငွေကြေးအရှုပ်အရှင်းတွေ ရှင်းလင်းတာမလုပ်တဲ့အတွက် အချင်းအချင်းမသင့်မြတ်ဘဲ လုပ်တာဖြစ်တယ်လို့ သတင်းရရှိတယ်" ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။
ပေါက်ကွဲမှုမဖြစ်ခင် တရက်က NLD ရုံးတဝိုက်မှာ ရဲနဲ့ အရပ်ဝတ်လုံခြုံရေးလို့ ယူဆရသူတွေ လှည့်လည်နေတာမြင်ရတယ်လို့လည်း ကိုယ်တိုင်မြင်တွေ့သူတွေက ပြောပါတယ်။။ ပေါက်ကွဲမှုဖြစ်ပြီး ဒီနေ့မနက် ၈ နာရီလောက်မှာတော့ ရဲကားနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး အနီးအနားကအိမ်တွေကို လိုက်စစ်ဆေးသလို လုံခြုံရေးကင်မရာတွေကိုလည်း ဖြုတ်သိမ်းသွားပါတယ်။
“အလံလည်း လာဖြုတ်သွားတယ်ခင်ဗျ၊ NLD အလံကိုလည်း။ လူတွေကတော့ဗျာ သူတို့အချင်းချင်း လုပ်တာပဲလို့ ပြောကြတယ်ခင်ဗျ။ အဲလိုလုပ်ဖို့အတွက်လည်း တရက်နှစ်ရက်လောက်ကတည်းက ကြိုပြီးတော့ အဲလိုဆိုင်ကယ်တွေပတ်နေတာ။”
ဒီဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာတော့ ဗွီအိုအေက လောလောဆယ် မသိရသေးပါဘူး။
စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ "NLD ပါတီ ထောက်ခံသူတွေဖြစ်တဲ့ အကြမ်းဖက်သမားတွေက NLD ပါတီအတွင်း ငွေကြေးအရှုပ်အရှင်းတွေ ရှင်းလင်းတာမလုပ်တဲ့အတွက် အချင်းအချင်းမသင့်မြတ်ဘဲ လုပ်တာဖြစ်တယ်လို့ သတင်းရရှိတယ်" ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။
အလားတူပဲ တနင်္သာရီတိုင်း မြိတ်မြို့က NLD ခရိုင်ရုံးမှာလည်း ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါသေးတယ်။ ဒီလုပ်ရပ်အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက အခုလိုတုံ့ပြန်ပါတယ်။
“အမုန်း အာဃာတတွေဆိုတာက ရှင်းရှင်းပြောရရင်တော့ ပြည်သူကို မကျေနပ်တဲ့ဥစ္စာကို ဒီမှာလာပြီး ပုံရတာပေါ့ဗျာ။ အစစ အရာရာ။ ပြည်သူကိုလည်း နှိပ်ကွပ်နေသလိုပေါ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖြိုခွဲပြနေတာပေါ့။ အလားတူပေါ့ ဒီပရဟိတလုပ်တဲ့ အဖွဲ့အစည်းတွေရှိတယ်ဗျာ၊ ကိုဗစ်ကာလမှာဆိုရင် အားလုံးက တက်တက်ကြွကြွ ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြတယ်၊ ဒါတွေအပေါ်မှာလည်း မနာလိုမုန်းတားတွေထားပြီး အကုန်လုံးကိုလည်း ဖျက်စီးပစ်တာပဲဗျ။ ဒီမိုကရေစီကို အထောက်အကူပြုစေမယ့် အဖွဲ့အစည်း မှန်သမျှကို သူဖြိုနေတာဗျ။ ဒါက အင်မတန်မှ စိုးရိမ်စရာ ကောင်းပါတယ်၊ တိုင်းပြည်အတွက် မကောင်းပါဘူး။”
တနင်္သာရီတိုင်းထဲက ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ပြီးရှိနေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တချို့ဘက်က အသေးစားဖောက်ခွဲမှုတွေကိုလည်း လုပ်ခဲ့တာရှိပါတယ်။
တနင်္သာရီတိုင်းထဲမှာ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အခုသီတင်းပတ်အတွင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့တနင်္သာရီတိုင်းက ထားဝယ်၊ လောင်းလုံနဲ့ သရက်ချောင်း မြို့နယ်တွေကို မသွားကြဖို့ အမေရိကန်သံရုံးရဲ့ အကြံပြု တိုက်တွန်း ချက်ကို အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီဒေသတွေမှာ ရှိနေကြတဲ့ အမေရိကန်တွေ အပါအဝင် နိုင်ငံခြားသားတွေအားလုံးရဲ့ လုံခြုံရေးကို အာမမခံနိုင်တဲ့အတွက် ထွက်ခွာသွားဖို့ တနင်္သာရီတိုင်း အာဏာပိုင်တွေက အောက်တိုဘာ ၁၁ ရက်မှာ ညွန်ကြားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကမြန်မာနိုင်ငံကိုခရီးသွားရင် အန္တရာယ်ရှိတဲ့ အမြင့်ဆုံးအဆင့် ၄ ကို သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံခြားသားတွေအနေနဲ့ ခရီးမသွားသင့်ဘူးလို့ အကြံပြုထားပါတယ်။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup #NLD #voaburmese #စစ်အာဏာသိမ်းမှု #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #ဗွီအိုအေမြန်မာပိုင်း