သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပင်လယ်ကွေ့မှာမြုပ်သွားတဲ့ ထိုင်းရေတပ်သင်္ဘောအတွက် ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်နေ


Thailand Ship Sinking
Thailand Ship Sinking

[[Unicode]]

ထိုင်းပင်လယ်ကွေ့မှာ ထိုင်းရေတပ်စစ်သင်္ဘောတစင်း နစ်မြုပ်သွားတာကြောင့် တခြားသင်္ဘောနဲ့ ရဟတ်ယာဉ်တွေ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြပါတယ်။ အခုချိန်ထိ ထိုင်းရေတပ်က သင်္ဘောသား ၇၅ ယောက်ကို ကယ်တင်လိုက်နိုင်ပြီး ၃၁ ယောက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

HTMS Sukhothai လို့ နာမည်ရပြီး ပေါ့ပါးမြန်ဆန်တဲ့ Corvette စစ်သင်္ဘောအမျိုးအစားဟာ တနင်္ဂနွေနေ့ညက လေပြင်းကြောင့် ပင်လယ်ရေတွေ ကုန်းပတ်ပေါ်တက်လာပြီး သင်္ဘောရဲ့ မီးပေးစနစ်ပြတ်တောက်သွားခဲ့ရပါတယ်။ လျှပ်စစ်မီးမရတော့တဲ့အတွက် ပင်လယ်ရေတွေ သင်္ဘောဝမ်းဗိုက်ထဲပိုဝင်သွားပြီး သင်္ဘောတိမ်းစောင်း၊ နစ်မြုပ်သွားတာဖြစ်ပါတယ်။

စစ်သင်္ဘောဟာနစ်မြုပ်ချိန်မှာ Prachuap Khiri Khan ခရိုင် Bangsaphan ဒေသထဲမှာရှိတဲ့ ဆိပ်ကမ်းကနေ ၃၂ ကီလိုမီတာအကွာ ပင်လယ်ထဲ ကင်းလှည့်နေတာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တော်ဝင်ထိုင်းရေတပ်က ရှာဖွေ ကယ်ဆယ်ရေးလုပ်ဖို့ Frigate သင်္ဘော ၃ စင်းနဲ့ ရဟတ်ယာဉ် ၂ စင်း စလွှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အအေးဆုံး ရာသီဥတုကိုကြုံနေရချိန် တောင်ပိုင်းအစွန်မှာတော့ မုန်တိုင်းတွေ ရေကြီးမှုတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






XS
SM
MD
LG