သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Huawei နဲ့ မြန်မာပညာရေးဌာနအကြား သတင်းနဲ့ နည်းပညာဆိုင်ရာ MoU ထိုး


မြန်မာပညာရေးဝန်ကြီးဌာနလက်အောက် သတင်းနဲ့ဆက်သွယ်ရေးပညာတိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာထိုးခဲ့တဲ့ ဟွာဝေးကုမ္ပဏီ အမှတ်တံဆိပ်။
မြန်မာပညာရေးဝန်ကြီးဌာနလက်အောက် သတင်းနဲ့ဆက်သွယ်ရေးပညာတိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာထိုးခဲ့တဲ့ ဟွာဝေးကုမ္ပဏီ အမှတ်တံဆိပ်။

တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီး Huawei နဲ့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ကထိကများကော်မတီတို့ကြား သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာ ICT တိုးတက်ရေး နားလည်မှု စာချွန်လွှာ MoU ကို စနေနေ့မှာ ရေးထိုးခဲ့ပါတယ်။

ဒီနားလည်မှု စာချွန်လွှာမှာ ICT ဒီပလိုမာသင်တန်းစနစ် တည်ထောင်ရေး၊ Seeds for the Future အနာဂတ်အတွက် မျိုးစေ့များ အစီအစဉ်ကို ထောက်ပံ့ရေး၊ Huawei သတင်းအချက်အလက်နဲ့ ကွန်ယက် သင်တန်းကျောင်း တည်ထောင်ရေး၊ ထူးချွန်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ICT ပညာသင်ဆု ထောက်ပံ့ ရေး၊ Huawei စင်တာမှာ လူငယ်များ လာရောက်လေ့လာနိုင်တဲ့နေ့ ကျင်းပပေးရေးအပြင် မြန်မာနိုင်ငံတွင်း ICT နဲ့ သက်ဆိုင်တဲ့ သိပံသုတသနလုပ်ရာမှာ အထောက်အကူပေးရေး စတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ICT တိုးတက်ရေးအတွက် Huawei ရဲ့ လုပ်ဆောင်မှုအပေါ် အားရကြောင်း အမျိုးသားပညာရေး မူဝါဒဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်က ပြောပါဆယ်။ ဒေသတွင်းတက္ကသိုလ်တွေ တိုးတက်မှုကို ပြည်တွင်းပြည်ပအင်အားတွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့အကြောင်း သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းကလည်း အလားတူ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ICT သင်တန်းသား ၁၅၀၀ ကျော်ကို သင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ ရေရှည်ခံမယ့် စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးမှုတွေကို အားပေးဖို့ တခြားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တွေကို မြန်မာနိုင်ငံဆိုင်ရာ Huawei ရဲ့ အကြီးအကဲ Zhang Liman က တိုက်တွန်းလိုက်ပါတယ်။

please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG