သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာအာဏာပိုင်တွေကို ICC အရေးယူရေး အရှေ့တောင်အာရှ အမတ်တွေတောင်းဆို


စစ်တွေမြို့နယ်တွင်း ဒုက္ခသည်စခန်းအတွင်းနေထိုင်သူ မွတ်ဆလင်များ သူတို့လယ်ကွင်းများမှ အလုပ်သိမ်းပြန်လာချိန်။ (စက်တင်ဘာ ၁၊ ၂၀၁၇)
စစ်တွေမြို့နယ်တွင်း ဒုက္ခသည်စခန်းအတွင်းနေထိုင်သူ မွတ်ဆလင်များ သူတို့လယ်ကွင်းများမှ အလုပ်သိမ်းပြန်လာချိန်။ (စက်တင်ဘာ ၁၊ ၂၀၁၇)

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာအာဏာ ပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က ကိုင်တွယ်အရေးယူဖို့ အရှေ့တောင် အာရှ ၅ နိုင်ငံက လွှတ်တော်အမတ် တရာကျော်က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခတွေ ကြုံခဲ့ရတာ တနှစ်ပြည့်လာပြီ ဖြစ်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ဖော်ထုတ်အရေးယူမှု မရှိတာ ကြောင့် ICC က ကိုင်တွယ်ဆောင်ရွက်ဖို့ လူ့ အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူ နိုင်အောင် နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းရာမှာ APHR အဖွဲ့ဝင် ၂၂ ယောက် အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ တိမောနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ယောက်တို့ ပါဝင်ကြောင်းလည်း ကြေညာချက်က ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်းတွေကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်း ရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ရာမှာ လူမျိုးစုအလိုက် ရှင်းလင်းတဲ့ အဆင့်အထိ ရောက်ခဲ့ကြောင်းနဲ့ ကျုးလွန်သူတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းထားကြသလို၊ ICC ကလည်း ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်နေတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို နိုင်ငံ တကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်း တုံ့ပြန်ပြောဆို ထားပြီး မြန်မာနိုင်ငံဟာ ICC က စီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတခုမဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG