သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ တက်ကြွသူတွေ ကုလမှာ တင်ပြ


Geneva က ကုလသမဂ္ဂရုံးချုပ်။
Geneva က ကုလသမဂ္ဂရုံးချုပ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက် ရှိနေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ UPR ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ ပုံမှန် သုံးသပ်ဆွေးနွေးပွဲကို တက်ရောက်နေစဉ် အခုလိုပြောဆိုလိုက်တာပါ။

ဒီအစည်းအဝေးကို တက်ရောက်နေတဲ့ ညီမျှခြင်း မြန်မာ၏ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်ဟာ စိတ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လက်နက်ကိုင်တပ်မတော်သားတွေ၊ လုံခြုံရေး ဝန်ထမ်းတွေရဲ့ ဥပဒေဖေါက်ဖျက်မှုတွေကို အရေးမယူနိုင်ပဲ ရှိနေတာ၊ အကျင့်ပျက်ချစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတဲ့အကြောင်း ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် အခြေခံ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သင်းပင်း ဖွဲ့စည်းခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်နှင့် အမျိုးသမီးတွေရဲ့အခွင့်အရေးတွေ အပေါ် ခြိမ်းခြောက်နေတဲ့ အခြေအနေတွေအပြင် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အခြေအနေတွေနဲ့ ပါတ်သတ်ပြီးတော့လည်း ဒီအစည်းအဝေး တက်ရောက်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုပါတယ်။

ဒီအတော အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပနေတဲ့ UPR ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ ပုံမှန် သုံးသပ်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းရှင်က နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်နေပြီး ဒီမိုကရေစီစနစ်ဖွံ့ဖြိုးစ အခြားနိုင်ငံတွေလိုပဲ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ရုန်းကန်ကြိုးစားနေဆဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။

XS
SM
MD
LG