သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း စစ်ဘက် အာဏာ ချဲ့ထွင်မှု လူ့ အခွင့်အရေး သမားတွေ စိုးရိမ်


ထိုင်းစစ်တပ်လုံခြုံရေးအဖွဲ့ဝင်များ။
ထိုင်းစစ်တပ်လုံခြုံရေးအဖွဲ့ဝင်များ။

ထိုင်းနိုင်ငံ စစ်တပ်အနေနဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူ ကိုင်တွယ်တာအပါအဝင် လုပ်ပိုင်ခွင့်တွေကို ထိုင်းအစိုးရက ပို ပေးလိုက်ပါ တယ်။ နိုင်ငံတဝန်း ရာဇဝတ် ဂိုဏ်းကြီးတွေ နဲ့ ပြစ်မှုကျူးလွန်သူတွေကို နှိမ်နင်းရေး အစိုးရက စတင် လုပ်ဆောင်နေချိန် မှာပဲ စစ်တပ်ကို အခုလို လုပ်ပိုင်ခွင့်အာဏာတွေ ပိုပေးလိုက်တာပါ။

ဒါပေမဲ့လည်း အခု လုပ်ပိုင်ခွင့်အသစ်တွေကနေ မတရားလုပ်တာတွေ ဖြစ်လာနိုင်ပြီး အစိုးရအစိုးရကိုဝေဖန်သူတွေလည်း ဒီဥပဒေရဲ့ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်ကြောင်းပြောကြပါတယ်။

ဒီသီတင်းပတ်ထုတ်ပြန်တဲ့ အမိန့်အသစ်အရ စစ်ဘက်တာဝန်ရှိသူတွေအနေနဲ့ ရှာဖွေရေးလုပ်တာ၊ ပိုင်ဆိုင်ပစ္စည်းတွေ သိမ်းဆည်း တာ၊ ငွေကြေးအလွှဲအပြောင်း လုပ်တာတွေကို ဆိုင်းငံ့တာ၊ သံသယရှိသူတွေ ပြည်ပခရီးသွားလာခွင့် တားဆီးတာ စတဲ့ လုပ်ပိုင် ခွင့်တွေနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအရာရှိတွေအဖြစ် လုပ်ဆောင်နိုင်ကြမှာပါ။

ဒီအမိန့်အရ လုပ်ဆောင်နိုင်တဲ့ ရာဇဝတ်မှုတွေထဲမှာ လူမှောင်ခိုကူးမှု၊ လိမ်လည်မှု၊ အသရေဖျက်မှု၊ လောင်းကစားမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည့်တန်ဆာမှု၊ အကောက်ခွန်မှု၊ အဆမတန်အတိုးယူပြီး ငွေချေးမှု၊ လက်နက်ခဲယမ်းမှု စတဲ့ ရာဇဝတ်ပြစ်မှုပေါင်း ၂၀ ကျော် အကျူံးဝင်ပါတယ်။

အခုဥပဒေအရ ပစ်မှတ်ထားတဲ့လူတွေထဲမှာ ရဲနဲ့စစ်ဘက်အရာရှိတွေလည်း ရာနဲ့ချီပြီး ပါဝင်နေတယ်လို့လည်း ဒုတိယဝန်ကြီးချုပ် က ပြောပါတယ်။ ရဲတပ်ဖွဲ့မှာ အင်အားနည်းနေတာကို စစ်ဘက် တာဝန်ရှိသူတွေနဲ့ ဖြည့်စွက်တာဝန်ပေးဖို့ အစိုးရအနေနဲ့ လိုအပ်တယ်ဆိုပြီး အခု အထူးလုပ်ပိုင်ခွင့်အမိန့်အပေါ် ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan က ကာကွယ်ပြောဆိုပါတယ်။

XS
SM
MD
LG