သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချို လယ်သမားရေးလှုပ်ရှားသူ အသတ်ခံရမှု အမြန်ဆုံးစစ်ဆေးဖို့ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ချုပ် တောင်းဆို


ဦးဌေးအောင် လူအုပ်စုတခုရဲ့ အရိုက်နှက်ခံရစဉ်။ (ဓာတ်ပုံ-ဦးဇော်ရမ်း FB)
ဦးဌေးအောင် လူအုပ်စုတခုရဲ့ အရိုက်နှက်ခံရစဉ်။ (ဓာတ်ပုံ-ဦးဇော်ရမ်း FB)

ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာ လယ်သမားအရေးလှုပ်ရှားသူ ဦးဌေးအောင် ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့အမှုကို ဘက်မလိုက်ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ် FIDH က တောင်းဆိုထားပါတယ်။ ဒါမျိးပြဿနာတွေ ထပ်မဖြစ်အောင် မြန်မာနိုင်ငံရဲ့ လယ်ယာမြေဆိုင်ရာ ဥပဒေပြင်ဆင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။ ဦးဌေးအောင် သေဆုံးခဲ့တဲ့အမှုအတွက် လူတချို့ကို ဖမ်းဆီးထားပေမဲ့ အမှုနဲ့ပါတ်သက်လို့ ပွင်းလင်းမှုမရှိဘူးလို့ လယ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ်အတွင်းက ကုန်းကြီးအုပ်စုအင်းဝိုင်ပါဟဲကျေးရွာက လယ်ယာမြေအငြင်းပွားမူအတွင်း ကူညီဖြေရှင်းပေးတဲ့ လယ်သမားရေးလှုပ်ရှားသူ သူဦးဌေးအောင်ဟာ နိုဝင်ဘာလ ၁ ရက်နေ့ ကျေးရွာအာဏာပိုင်တွေနဲ့တွေဆုံဖို့အသွား လူတစုက ဝိုင်းရိုက်တာခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်လို့ ဘက်မလိုက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု အမြန်ဆုံးလုပ်ဖို့နဲ့ ကျူးလွန်ခဲ့သူတွေကို အရေးယူဖို့အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ် FIDH က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ ဦးဌေးအောင်သေဆုံးခဲ့ရတဲ့ အမှုနဲ့ပတ်သက်လို့ရိုက်နှက်မူမှာ ပါတဲ့လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ မိသားစုနဲ့အတူ ဒီအမူကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စုတိုင်းရင်းသား လယ်သမားများသမဂ္ဂ ဥက္ကဌနော်အုန်းလှက အခုလိုပြောပါတယ်။

"ရိုက်တဲ့သူက ၃ယောက်ဖမ်းထားတယ် အခုထက်ထိတော့ ၃ယောက်ပဲဖမ်းသေးတယ်လို့သိရတယ် ရိုက်တဲ့သူတွေက အိုက်ကျော်ရယ် ကျော်ဇင်လတ်ရယ် နော်ဌင်းရယ် ၃ ယောက်ဖမ်းထားတယ် ကျမတို့ဒီဘက်ပိုင်းကျတော့လယ်သမားသမဂ္ဂ ဘက်ကတော့ ရဲလုပ်ငန်းစဉ်ပေါ့ ဒီအမူက လည်းအမူကြီးဖြစ်တဲ့အခါကျတော့ သူတို့ရဲလုပ်ငန်းစဉ်ကို ဝင်စွက်လို့မရတော့ ကြည့်ရအုန်းမှာပေါ့လေ။"

ဒီအမှုနဲ့ပါတ်သက်လို့ ရဲအာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူူး။

မြန်မာနိုင်ငံရဲ့လယ်ယာမြေဥပဒေကို မပြင်ဆင်သရွေ့ ခုလိုပြဿနာမျိုးတွေ ဆက်ဖြစ်နေလိမ့်ဦးမယ်လို့ FIDH ရဲ့ အစီရင်ခံစာတခုထဲမှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လယ်သမားအခွင့်အရေး လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေရဲ့ အားနည်းချက်ကို မပြင်ဆင်နိုင်တဲ့အတွက် လယ်သမားတွေ နစ်နာနေရတယ်လို့ ပြောကြပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား လယ်သမားများသမဂ္ဂရဲ့အတွင်းရေးမှူး ဦးဇော်ရမ်းကလည်း အဲဒီဥပဒေထဲက အားနည်းချက်တွေကို ထောက်ပြပါတယ်။

"၂၀၁၂ လယ်ယာမြေဥပဒေမှာ လယ်စီလို့ခေါ်တဲ့ အဆင့် ၅ ဆင့်လုံးမှာ နိုင်ငံတော်အထိကို လယ်သမားကိုယ်စားလှယ်တယောက်မှ မပါတဲ့အခါ အခုတကယ်တမ်း လယ်ယာမြေပြသနာတွေ မြေပြသနာတွေဖြစ်တော့ စီမံခန့်ခွဲတဲ့အခါ အစိုးရနဲ့ မြေစာရင်းတွေက အဲဒီ့လို ပုဂိုလ်တွေ အုပ်ချုပ်ရေးပိုင်းတွေကပဲ စီမံခန့်ခွဲတဲ့အတွက် တရားမျှတမူမရှိတဲ့အတွက် အဲဒိလိုမျိုးပြသနာဖြစ်နေတာ။"

လယ်စီဆိုတာကတော့လယ်ယာမြေစီမံခန့်ခွဲမူအဖွဲ့ကိုခေါ်တာပါ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက်မှာ ၂၀၁၂တုန်းက ပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေ ကိုကျော်လွန်ပြီး ပြသနာတွေကိုဖြေရှင်းနိုင်မဲ့ သမ္မတသစ်ရဲ့ကြေညာချက်တွေ ထွက်ခဲ့ပေမဲ့ ရန်ကုန်တိုင်းအစိုးရက လက်ရှိလုပ်ဆောင်နေတဲ့ စီမံချက်တွေကတော့သမ္မတသစ်ရဲ့ ကြေညာချက်နဲ့ကွာဟချက်တွေဖြစ်နေတယ်လို့လည်း ဦးဇော်ရမ်းကဆိုပါတယ်။

"ရန်ကုန်တိုင်းမှာရှိတဲ့ နဂိုသိမ်းပြိးသားဟာက လယ်သမားတွေဆီက သိမ်းတာရှိတယ် ပြည်သူတွေဆီက သိမ်းတာရှိတယ် အဲဒါတွေကို စုံစမ်းစစ်ဆေးတာက အမူပေါင်း သုံးလေးထောင်လောက်ရှိတယ် ပေါ့နော် အဲဒါ မှာ ၄၀၀လောက်ပဲ စစ်ပြီးတော့ တဧကမှ ပြန်မပေးနိုင်ဘူး မပေးနိုင်တဲ့အပြင်ဒီမြေတွေကို နိုင်ငံတော်စီမံခန့်ခွဲခွင့်ရှိတယ် ဆိုပြီးတော့ သိမ်းပြီးတော့ တခြားစီမံကိန်းကို ဆက်လုပ်ဖို့ လုပ်တာတွေတွေ့ရတယ် အဲဒါတော့တော်တော်ကို ပြသနာတက်လာမယ့်ဟာပဲဗျ တခြားကုမ္ပဏီကို လွဲတာရှိတယ် ကုမ္ပဏီသစ်ကို ချပေးတာတွေလည်းရှိတယ် ဥပမာဆိုရင် ဒဂုံ ဆိပ်ကမ်း ၇၃ ရပ်ကွက် နှစ် ၂၀လောက်အရင် နိုင်ငံတော်စိမ်းလမ်းစိုပြေရေးစီမံကိန်းနဲ့ လုပ်လာတဲ့ လယ်ကွင်းတွေပေါ်မှာ သဲသွားမှုတ်တာမျိုးနိုင်ငံတော်ဝန်ထမ်းစီမံကိန်းဆိုပြီးတော့ အဲဒါတွေက့သမ္မတကြီး ထုတ်ထားတဲ့ ၁ /၁၆ ၁၄/၁၆ နဲ့မညီဘူး ၁ /၁၆ ၁၄/၁၆ မှာ ပြသာနာဖြစ်နေတဲ့ မြေတွေကို ဖြေရှင်းနေတုန်းကာလမှာ လုံးဝရပ်နားထားရမယ် ဆိုတာပါတယ် အပိုဒ် (၄)မှာပါတယ်ခင်ဗျ ၁၄/၁၆ မှာ အဲဒီ အတိုင်းလည်း မလိုက်နာတဲ့အတွက်ပြသနာတွေကအတော်ဖြစ်နေတယ်ခင်ဗျ။"

မြန်မာနိုင်ငံမှာမြေယာသိမ်းဆည်းတဲ့ကိစ္စတွေနဲပတ်သက်လို့ နစ်နာတဲ့တောင်သူတွေကို ပြန်လည်ပေးအပ်နိုင်တာမျိုးတွေက အခုထက်ထိ အားနည်နေဆဲဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌကတော့ ခေတ်စနစ်နဲ့ညီတဲ့ မြေသိမ်းဥပဒေကို ပြင်ဆင်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လွှတ်တော်စည်းဝေးပွဲမှာပြောကြားခဲ့ပါတယ်။

XS
SM
MD
LG