သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
မြန်မာစစ်သား ၁၅၀ ကျော် အိန္ဒိယဘက် ထွက်ပြေး
နောက်ဆုံးရသတင်း

မြန်မာစစ်သား ၁၅၀ ကျော် အိန္ဒိယဘက် ထွက်ပြေး


ချင်းပြည်နယ် နဲ့ မီဇိုရမ်းပြည်နယ် နယ်စပ် (Photo by Jacob KHAWLHRING / AFP)
ချင်းပြည်နယ် နဲ့ မီဇိုရမ်းပြည်နယ် နယ်စပ် (Photo by Jacob KHAWLHRING / AFP)

ချင်းပြည်နယ် ပလက်ဝ စစ်တပ်စခန်းတခုက စစ်သား ၁၅၀ ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာကြတယ်လို့ အိန္ဒိယနယ်ခြားစောင့် အာသံရိုင်ဖယ်တပ်က ပြောပါတယ်။ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ (Lawngtlai) လောင်တလိုင်ခရိုင် (Tuisentlang) သွီးစံတလန်းရွာမှာ တပ်စွဲထားတဲ့ အာသံရိုင်ဖယ်တပ်ကို မြန်မာဖက်က စစ်သား ၁၅၁ ယောက် လက်နက်တွေနဲ့ ရောက်လာကြတယ်လို့ အာသံရိုင်ဖယ်တပ်က အရာရှိတယောက် အပြောကိုကိုးကာပြီး မီဇိုရမ်သတင်းတွေမှာ ဖော်ပြပါတယ်။

AA ရက္ခိုင်တပ်တွေက စစ်တပ်စခန်းကို သိမ်းလိုက်ပြီးနောက် ထွက်ပြေးလာကြတာဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့ စစ်သားတချို့ပါလာလို့ ဆေးကုပေးနေရတယ်လို့လည်း ပြောပါတယ်။ လောလောဆယ် မြန်မာစစ်သားတွေကို Parva ရွာမှာရှိတဲ့ အာသံရိုင်ဖယ်တပ်စခန်းမှာ ခေါ်ယူထားပြီး မြန်မာနိုင်ငံဖက် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဌာနနဲ့ မြန်မာစစ်ကောင်စီကြား ဆွေးနွေးနေပြီး ရက်ပိုင်းအတွင်းပြန်ပို့နိုင်လိမ့်မယ်လို့ PTI သတင်းထဲမှာ ပြောထားပါတယ်။ ရက္ခိုင်တပ်တော် AA ကိုးကန့်နဲ့ တအာင်း လက်နက်ကိုင် တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

XS
SM
MD
LG