သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးပြည့်တန်ဆာ ၁၀၀ ကျော် FBI ကယ်တင်


အမေရိကန်ပြည်ထောင်စုတခွင်မှာ ၃ ရက်ကြာ စစ်ဆင်ရေးအရ ပြည့်တန်ဆာအဖြစ် အသုံးချခံနေရတဲ့ အရွယ်မရောက်သေးသူ ၁၀၅ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရိုက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတဝှမ်း စစ်ဆင်ရေးမှာ အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာလုပ်ငန်းအတွက် အသုံးချနေသူတွေနဲ့ ခေါင်းပုံဖြတ်နေသူ ၁၅၀ ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုတဝှမ်းက မြို့ကြီး ၇၆ မြို့က ဒေသခံ၊ ပြည်နယ်နဲ့ ပြည်ထောင်စု တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာလုပ်ငန်းမှာ အသုံးချနေတာကြောင့် နိုင်ငံတဝှမ်းက ကလေးတွေအတွက် အန္တရာယ်ရှိနေဆဲ ဖြစ်တယ်လို့ FBI မှုခင်းစုံစမ်းစစ်ဆေးရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ရွန် ဟော့စ်ကို (Ron Hosko) က ပြောပါတယ်။

FBI ရဲ့ ရိုးသားမှု ဆုံးရှုံးခြင်းဆိုတဲ့ အမျိုးသား ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်အရ နိုင်ငံတဝှမ်း စစ်ဆင်ရေးလုပ်ခဲ့တာ ဒီတခါ ၇ ကြိမ်မြောက်ဖြစ်ပြီး၊ အကြီးကျယ်ဆုံးလည်း ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို ၂၀၀၃ ခုနှစ်က စတင် အကောင်အထည်ဖော်ခဲ့ပြီး အရွယ်မရောက်သေးသူ ၂၇၀၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
XS
SM
MD
LG