သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ညောင်လေးပင်မှာ ဒေသခံထောင်ချီတိမ်းရှောင်


ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်မုန်း(မူး)မြို့နယ်ထဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒေသခံများ
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်မုန်း(မူး)မြို့နယ်ထဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒေသခံများ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ အခြေစိုက် လှုပ်ရှားနေတဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း လေကြောင်းက တိုက်ခိုက်မှု ၁၀၀ ကျော် ရှိခဲ့ကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တခုက သတင်းထုတ်ပြန်လိုက်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုပေါင်း ရာချီ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်မုန်း(မူး)မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဩဂုတ်လကုန်ကနေ စက်တင်ဘာလ၁၆ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရာနဲ့ချီရှိခဲ့တယ်လို့ မုန်း(မူး) မုန်းမြို့နယ်ထဲက ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာလ(၁၉)ရက်နေ့ကသတင်းထုတ်ပြန်ခဲ့တာပါ။ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူက VOA ကိုအခုလိုပြောပါတယ်။

"လေကြောင်းတိုက်ခိုက်မှုက (၁၀၁) ကြိမ်ရှိတယ် ၊ ကျနော်တို့ဆီလက်နက်ကြီးနဲ့ပစ်ချတာ (၄၅၁)ကြိမ်ပစ်ချတယ် သေဆုံးမှုကကျား ၂ဦး မ၂ဦးရှိတယ် ဒဏ်ရာရတာ ၁၀ ဦး ရှိတယ် ဒဏ်ရာပြင်းထန်သူကိုသာ ကျနော်တို့ကမှတ်တမ်းကောက်ထားတာဖြစ်ပါတယ်"

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်မုန်း(မူး)မြို့နယ်ထဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒေသခံများ
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်မုန်း(မူး)မြို့နယ်ထဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒေသခံများ

အခုဆိုရင် ဒီ၁၆ ရက်အတွင်းမှာ ကျေးရွာပေါင်း ၁၅ ရွာကဒေသခံ လူထုတသောင်းတထောင်ကျော်ဟာထွက်ပြေးနေရပြီးစားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့လည်း ပြောပြပါတယ်။

"ရွာပေါင်း ၁၅ ရွာက လူအရေအတွက်ကကျားမ စုစုပေါင်း (၁၁၃၈၇) ဦး ရှိတယ်။ မိုးတွင်းကာလဖြစ်လို့ အရမ်းဒုက္ခရောက်ကြတယ်၊ စားနပ်ရိက္ခာတွေလည်းလိုအပ်တယ်၊ လုပ်ငန်းတွေလည်းမရှိကြဘူး ကျနော်တို့စောင့်ရှောက်ထားတဲ့နေရာတွေမှာလည်း ဆေးဝါးတွေလည်းအရမ်းလိုအပ်နေတယ်လုံလောက်မှုမရှိဘူး၊ ပြည်သူတွေကတနေ့ထက်တနေ့ ပိုများလာတဲ့အတွက် အခက်အခဲတွေလည်းအများကြီးရင်ဆိုင်နေရတာပါ"

စစ်ကောင်စီအနေနဲ့ တိုက်ပွဲတွေဖြစ်တိုင်း ကရင်လူထုကိုပစ်မှတ်ထားတိုက်ခိုက်နေတာတွေမလုပ်ဖို့အတွက် ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ(၇)ခုရှိတဲ့အနက် တပ်မဟာ(၁) (၃)(၅) (၆) စတဲ့နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူ ၆သိန်းကျော်လောက်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ကရင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်းပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG