သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သား ၂၀ ကျော်ကို ဖိလစ်ပိုင်သူပုန်တွေ ထပ်ဖမ်း


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေဖြစ်နေတာ ဒုတိယမြောက်နေ့မှာတော့ မူဆလင်သူပုန်တွေဘက်က အရပ်သား ၂၀ ကျော်ကို ပြန်ပေးဆွဲ ဖမ်းဆီးလိုက်တယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ပိုင်း Mindanao ပြည်နယ်က Zamboanga မြို့မှာ MNLF မိုရိုလွတ်မြောက်ရေးတပ်ဦး သူပုန်အဖွဲ့ကနေ လူပေါင်း ၁၇၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖိလစ်ပိုင်ရဲက ပြောပါတယ်။

တနင်္လာနေ့တုန်းကတော့ လက်နက်ကိုင် ၃၀၀ လောက်ဟာ ကျေးရွာတွေကို ဝင်စီးပြီး ပစ်ခတ်မှုကြောင့်၊ လူ ၄ ဦးထက်မနဲ သေဆုံးခဲ့ပါတယ်။ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လူပေါင်း ၁၅၀၀ လောက်ဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးသွားရတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

MNLF သူပုန်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ သမ္မတ Benigno Aquino က ကိုယ်စားလှယ်စေလွှတ်ထားပါတယ်။ MNLF သူပုန်အဖွဲ့ဟာ မူဆလင်အများစုရှိတဲ့ အဲဒီ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆို လှုပ်ရှားနေတာပါ။

MNLF သူပုန်အဖွဲ့အနေနဲ့ အစိုးရနဲ့ ၁၉၉၆ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရဘက်က ကတိမတည်ဘူးဆိုပြီးတော့၊ သူပုန်အဖွဲ့က တပ်အချို့က လက်နက်ပြန်ကိုင်ပြီး အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
XS
SM
MD
LG