သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ လိင်တူချစ်သူစုံတွဲတွေ တရားဝင်လက်ထပ်ဖို့ စီစဉ် 


လိင်တူစုံမက်သူများချီတက်ပွဲမြင်ကွင်း (ဇွန် ၄၊ ၂၀၂၄)
လိင်တူစုံမက်သူများချီတက်ပွဲမြင်ကွင်း (ဇွန် ၄၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ သဘက်ခါ ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး လိင်တူချင်း တရားဝင် ထိမ်းမြားလက်ထပ်ခွင့် ရတော့မှာဖြစ်တဲ့အတွက် ပထမဆုံးခွင့်ပြုတဲ့နေ့မှာ ဘန်ကောက်မြို့က ရာနဲ့ချီတဲ့ လိင်တူစုံမက်သူ စုံတွဲတွေ လက်မှတ်ထိုး လက်ထပ်ကြဖို့ စီစဉ်နေပါတယ်။ ဒီသီတင်းပတ်ကစပြီး လိင်တူချင်း တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ရပြီဖြစ်တာကြောင့် ထိုင်းနိုင်ငံဟာ ထိုင်ဝမ်နဲ့ နီပေါနိုင်ငံပြီးရင် အရှေ့တောင်အာရှမှာ လိင်တူချင်းလက်ထပ်ခွင့်ရှိတဲ့ တတိယနေရာ ဖြစ်လာပါတယ်။

လက်ထပ်ခွင့်ရှိတဲ့ ဥပဒေကြမ်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင်ဥပဒေအတည်ဖြစ်လာပြီး၊ ထိုင်းဘုရင် မင်းမြတ် Maha Vajiralongkorn က လက်မှတ်ရေးထိုး အတည်ပြုခဲ့တာပါ၊ ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၁၂၀ အကြာမှာ တရားဝင် အသက်ဝင်ပါတယ်။ LGPTQ+ လိင်စိတ်ခံယူချက် ကွဲပြားတာကို လက်ခံတဲ့ နိုင်ငံတခုဖြစ် ထိုင်းနိုင်ငံကို အများက သိထားကြပေမဲ့ တရားဝင်လက်ထပ်ခွင့်ရဖို့ ဆယ်စုနှစ်နဲ့ချီ စောင့်ခဲ့ကြရပါတယ်။

လိင်တူ လိင်ကွဲ ဘယ်သူနဲ့မဆို တရားဝင်လက်ထပ်ခွင့်၊ ငွေကြေးနဲ့ ကျန်းမာရေးအခွင့်အရေးရရှိခွင့်တွေကို အာမခံတဲ့ ဒီဥပဒေကြမ်းကို ထိုင်း အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တွေမှာ ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Forum

XS
SM
MD
LG