သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့ နေရာ ၃၀ မလေးရှားမှာ တွေ့


မလေးရှားနဲ့ထိုင်းနိုင်ငံနယ်စပ်က စစ်ဆေးရေးဂိတ်တခုကို တွေ့ရစဉ်။
မလေးရှားနဲ့ထိုင်းနိုင်ငံနယ်စပ်က စစ်ဆေးရေးဂိတ်တခုကို တွေ့ရစဉ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေလို့ ယုံကြည်ရသူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ နေရာအတော်များများကို ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေကပြောပါတယ်။

ထိုင်းနဲ့ မလေးရှားနယ်စပ်မှာရှိတဲ့ ရွာတွေအနီးမှာ အခုလို လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတာတွေကို ရှာတွေ့ခဲ့တာလို့ မလေးရှားပြည်ထဲရေးဝန်ကြီး Zahid Hamidi က သတင်းထောက်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

မြှုပ်နှံထားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ရဲစုံစမ်းစစ်ဆေးရေး အရာရှိချုပ်နဲ့ သူ့လက်ထောက်တို့ဟာ အဲဒီနယ်စပ်မှာ ရောက်ရှိနေပြီးရဲတပ်ဖွဲ့နဲ့ အထူးရဲတပ်ဖွဲ့ကတော့ ဒီလူတွေဟာ လူကုန်ကူးခဲ့ရတဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ ပြောဆိုကြောင်း ပြည်ထဲရေးဝန်ကြီး မစ္စတာ Zahid Hamidi က ပြောသွားတာပါ။

လူမှောင်ခိုကူးသူတွေဟာ စခန်းတထောက်ချ ရပ်နားဖို့ ဒီနယ်စပ်က ရွာတွေကို အသုံးပြုလာခဲ့တာဖြစ်ပြီး လူမှောင်ခိုကူးခံရတဲ့သူတွေ မြှုပ်နှံထားတဲ့နေရာ ၃၀ လောက်မှာ အရိုးစု ရာနဲ့ချီတွေ့ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ အရင်တုန်းကတော့ မလေးရှားမြေပေါ်မှာ အခုလိုမျိုး လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတာတွေ၊ လူမှောင်ခိုကူးစခန်းတွေမရှိဘူးလို့ မလေးရှားအာဏာပိုင်တွေက ငြင်းဆိုခဲ့တာပါ။

အခုလ အစောပိုင်းတုန်းကထိုင်းနိုင်ငံဘက်ခြမ်းမှာလည်းအလားတူူ လူမှောင်ခိုကူးသူတွေရဲ့ စခန်းတွေ၊ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG