သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် လောင်စာဆီကား ရာနဲ့ချီ မီးရှို့တိုက်ခိုက်ခံရ


ကဘူးမြို့အြပ်င်ဘက် ရပ်ထားတဲ့ လောင်စာဆီကားတွေ မီးရှို့ဖျက်ဆီးခံရစဉ်။ (ဂျူလိုင် ၅၊ ၂၀၁၄)
ကဘူးမြို့အြပ်င်ဘက် ရပ်ထားတဲ့ လောင်စာဆီကားတွေ မီးရှို့ဖျက်ဆီးခံရစဉ်။ (ဂျူလိုင် ၅၊ ၂၀၁၄)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော် အပြင်ဘက်မှာရပ်ထားတဲ့ လောင်စာဆီကားတွေ ရာနဲ့ချီပြီး မီးရှို့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ လောင်စာဆီကားတွေကို သူတို့အဖွဲ့က မီးရှို့တိုက်ခိုက်တာ တာလီဘန်အဖွဲ့က ပြောပါတယ်။

ထိခိုက်ပျက်စီးမှုတွေ ရှိမရှိဆိုတာကိုတော့ ရဲက မပြောသေးပါဘူး။ တာလီဘန်အဖွဲ့တွေဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ နေတိုး မဟာမိတ်တပ်ဖွဲ့တွေကို ရိက္ခာ အထောက်အပံ့ပို့တဲ့ယာဉ်တွေကို ပုံမှန်အားဖြင့် တိုက်ခိုက်လေ့ ရှိတတ်ပေမယ့် အခု လောင်စာဆီကားတွေဟာ နေတိုးအဖွဲ့တွေဆီကို ပို့မယ့် ကားတွေလားဆိုတာလည်း သေချာ မသိရသေးပါဘူး။

ဒီနှစ်ကုန် နောက်ဆုံးထားပြီး အာဖဂန်နိုင်ငံထဲကနေ နေတိုး မဟာမိတ်တပ်ဖွဲ့တွေ အပြီးပိုင် ဆုတ်ခွာဖို့ ရှိနေချိန်မှာပဲ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေတာပါ။ အာဖဂန်အစိုးရသစ်က အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမယ်ဆိုရင်တော့ နှစ်ကုန် နောက်ပိုင်းမှာလည်း အမေရိကန် တပ်ဖွဲ့အင်အား ၁ သောင်းလောက် အာဖဂန်မှာ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG