သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဆင်ပြောင်းလဲမယ့် လုံခြုံရေးဆိုင်ရာဥပဒေ ဂျပန်သောင်းချီ ကန့်ကွက်


ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ ပြင်ဆင်ပြောင်းလဲမယ့် လုံခြုံရေးဆိုင်ရာဥပဒေကို ကန့်ကွက်နေကြတဲ့ ဂျပန်ပြည်သူတွေ။ (သြဂုတ် ၃၀၊ ၂၀၁၅)
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ ပြင်ဆင်ပြောင်းလဲမယ့် လုံခြုံရေးဆိုင်ရာဥပဒေကို ကန့်ကွက်နေကြတဲ့ ဂျပန်ပြည်သူတွေ။ (သြဂုတ် ၃၀၊ ၂၀၁၅)

ဂျပန်လွှတ်တော်ရှေ့မှာ ဒီကနေ့ လူတွေသောင်းနဲ့ ချီ ဆန္ဒပြခဲ့ကြပါတယ်။ နောက်လမှာ အတည်ပြုပြဌာန်းဖို့ရှိတဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ ဆန့်ကျင်ပြီး ဆန္ဒပြကြတာပါ။

ဂျပန်ဒိုင်ယက် လွှတ်တော်ရှေ့က လမ်းတွေပေါ်မှာပိတ်ဆ့ိုပြီး စစ်ပွဲတွေမှာပါဝင်ခွင့်ဥပဒေ အလိုမရှိ၊ ဒီဥပဒေကို ဖျက်သိမ်းပစ်၊ ဝန်ကြီးချုပ် အာဘေး နုတ်ထွက်ပေး ဆိုပြီးတော့ ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကျော်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒေကို ပြင်ဆင်ပြီးပြဌာန်းမယ့် ဒီဥပဒေအရ ဂျပန်ရစစ်တပ်ရဲ့အခန်းကဏ္ဍကို ချဲ့ထွင်နိုင်မှာပါ။

ဂျပန်နိုင်ငံကို လာရောက်တိုက်ခိုက်တာမဟုတ်ပေမယ့် သူတို့ရဲ့မဟာမိတ်တွေကို တခြားသူတွေက လာတိုက်ရာမှာ မဟာမိတ်တွေဘက်ကနေ ဂျပန်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခွင့်ဥပဒေကို လွန်ခဲ့တဲ့ဇူလိုင်လအတွင်း အောက်လွှတ်တော်ကနေ အတည်ပြုပေးခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ ဒီဥပဒေနဲ့ပတ်သက်လို့ အကြိတ်အနယ်ဆွေးနွေးနေပြီး လာမယ့် စက်တင်ဘာနှောင်းပိုင်းမှာ အတည်ပြုပေးနိုင်မယ်လို့ ခန့်မှန်ထားတာပါ။

ဒေသတွင်း တရုတ်နိုင်ငံရဲ့အင်အားချဲ့ထွင်လာမှုအပေါ် ချိန်ခွင်လျှာညှိဖို့နဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ ဂျပန်စစ်တပ်ရဲ့အခန်းကဏ္ဍကို တိုးချဲ့ချင်နေတာပါ။ အများအားဖြင့် ဂျပန်နိုင်ငံက ဆန္ဒပြမှုတွေမှာအလုပ်သမားသမဂ္ဂနဲ့ လက်ဝဲ လှုပ်ရှားသူတွေသာ ဆန္ဒပြလေ့ရှိပေမယ့် အခုအခါ ဆန္ဒပြသူကျောင်းသားတွေ၊ ငယ်ရွယ်တဲ့မိခင်တွေပါ ပါဝင်လာတာတွေ့ရပါတယ်။ ကောက်ယူရရှိတဲ့ လူထုဆန္ဒစစ်တမ်းတွေအရ ဂျပန်နိုင်ငံရဲ့ လူဦးရေ အများစုဟာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆန့်ကျင်ပါတယ်ခင်ဗျာ။

XS
SM
MD
LG