သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ အဓိကဝင်ပေါက်ကို ဟန်ဂေရီပိတ်ဆို့


ဟန်ဂေရီတောင်ပိုင်းမှာ အာဖဂန်ဒုက္ခသည် ကလေးအမေတဦး ရထားစောင့်နေစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
ဟန်ဂေရီတောင်ပိုင်းမှာ အာဖဂန်ဒုက္ခသည် ကလေးအမေတဦး ရထားစောင့်နေစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

ဂျာမနီနဲ့ အနောက်ဥရောပနိုင်ငံတွေကို သွားဖို့ဦးတည်ပြီး ဟန်ဂေရီနိုင်ငံကို ဝင်ရောက်လာနေတဲ့ အရှေ့အလယ်ပိုင်းက ကြီးမားများပြားတဲ့ ဒုက္ခသည်တွေကိုဟန့်တားဖို့ ထိရောက်တဲ့အမိန့်ထုတ်ပြန်ဖို့နာရီပိုင်းအလိုမှာ ရွှေ့ပြောင်းဒုက္ခသည်တွေ ဆားဘီးယားနိုင်ငံကနေ အဓိက ဖြတ်ကျော် ဝင်ရောက်ရာ နေရာကို ဟန်ဂေရီအစိုးရက တနင်္လာနေ့မှာ ပိတ်ပစ်လိုက်ပါတယ်။

နောက်ကနေ စီတန်းအားဖြည့်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေရဲ့ရှေ့မှာ ဒါဇင်နဲ့ချီတဲ့ ရဲတွေဟာ ဥရောပသမဂ္ဂကိုသွားပြီး ခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားကြတဲ့ ဒုက္ခသည်တွေဖြတ်သန်းရာ မီးရထားလမ်းကို ပိတ်ဆို့နေရာယူထားကြပါတယ်။ ကောင်းကင်ယံမှာတော့ ရဟတ်ယာဉ်တစီး ဝဲပျံနေပါတယ်။

စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံနဲ့ တခြားနိုင်ငံတွေကနေ ဥရောပကိုဝင်ရောက်လာတဲ့ ထောင်ပေါင်းများစွာရှိတဲ့ ဒုက္ခသည်တွေလက်ခံရေးကို ဥရောပမှာ ဆန့်ကျင် ပြောဆိုဆုံးသူ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် ထုတ်ပြန်တဲ့ဥပဒေအသစ်မှာ ထောင်ဒဏ် အပြစ်ပေးမှာဖြစ်သလို လူကုန်ကူးသူတွေကိုလည်း အပြစ်ပေးမှာဖြစ်ပါတယ်။ ပြစ်ဒဏ်ကပြင်းထန်မှာဖြစ်ပြီး ဒါဟာ သူတို့နဲ့ ထိုက်တန်ပါတယ်လို့ ရဲအရာရှိ သင်တန်းကျောင်း ကျမ်းကျိန်တဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

ဟန်ဂေရီနိုင်ငံဟာ နှစ်ပေါင်းထောင်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခရစ်ယာန် ယဉ်ကျေးမှုထွန်းကားရာ တိုင်းပြည်ဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီပြီး လှုပ်ရှားနေတဲ့ လူတွေကြောင့် ဟန်ဂေရီနိုင်ငံ ပြောင်းလဲသွားမှာကို ကျုပ်တို့ ဟန်ဂေရီလူမျိုးတွေက မလိုလားပါဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

XS
SM
MD
LG