သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်ဂေရီဆင်ဆာဥပဒေ ဥရောပ စိုးရိမ်


European Council President Herman van Rompuy speaks during a final media conference at an EU summit in Brussels, Dec 17, 2010 (File Photo)
European Council President Herman van Rompuy speaks during a final media conference at an EU summit in Brussels, Dec 17, 2010 (File Photo)

ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဟန်ဂေရီ အစိုးရက သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ်ကို ပြဌာန်းလိုက်တာကြောင့် ဥရောပသမဂ္ဂ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒီဥပဒေအရ အစိုးရက ခန့်အပ်ဖွဲ့စည်းထားတဲ့ မီဒီယာ ကောင်စီမှာ လုပ်ပိုင်ခွင့်အာဏာတွေ အပြည့်အ၀ အပ်နှင်းခံထားရပြီးတော့ အများပြည်သူရဲ့စိတ်ဓါတ်ရေးရာ ပျက်ပြားစေတဲ့ စကားလုံးတွေ သတင်းမီဒီယာမှာ ပါရှိရင်၊ မမျှမတ ဘက်လိုက်တဲ့သတင်းတွေ ပါရှိရင် ပုံနှိပ်ထုတ်ဝေရေး မီဒီယာတွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၂ သန်းအထိ ဒဏ်ငွေတပ်ခံရမှာဖြစ်ပြီး အင်တာနက် မီဒီယာတွေ အနေနဲ့ အမေရိကန်ဒေါ်လာ တသိန်းကျော် ဒဏ်ငွေတပ်ခံရမှာ ဖြစ်ပါတယ်။

ဟန်ဂေရီဟာ ၆ လကြာ ဥရောပသမဂ္ဂရဲ့ သဘာပတိနိုင်ငံ ဖြစ်လာမယ့်အချိန်မှာ ဒီဥပဒေကို ဝန်ကြီးချုပ် ဗစ်တာ အိုဟန်းက ပြဌာန်းလိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG