သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်ဂေရီ အဆိပ်ယိုဖိတ်မှု သေဆုံးသူတိုး


ဟန်ဂေရီ အဆိပ်ယိုဖိတ်မှု သေဆုံးသူတိုး

မက္ကဆီကို ပင်လယ်ကွေ့က ရေနံစိမ်းယိုဖိတ်မှုနဲ့ ပမာဏတူ ဟန်ဂေရီမှာ လျှံထွက်နေတဲ့ တန်နဲ့ချီတဲ့ အနီရောင် အဆိပ်နှစ်ရည်တွေကို ရှင်းလင်းချိန်မှာ နောက်ထပ် သေဆုံးသူ ၂ ယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက ထပ်ပြီးတော့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိပ်နှစ်တွေ ဖုံးလွှမ်းခံခဲ့ရတဲ့ ရွာသုံးရွာထဲက Devecser ရွာနားမှာ သောကြာနေ့က ဒီ သေဆုံးသူတွေကို တွေ့ခဲ့ရတာပါ။ အခုဆိုရင် သေဆုံး သူ ဦးရေဟာ ၇ ယောက်အထိ တိုးလာခဲ့ပါပြီ။

တနင်္လာနေ့က အလျူမီနီယံစက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး အဲဒီဒေသတွင်းက လမ်းတွေနဲ့ ရေကြောင်းလမ်းတွေမှာ အနီရောင် အဆိပ်ရွှံ့နှစ်တွေနဲ့ ပိတ်သွားခဲ့ရတာပါ။

ကော့်စတစ် ရွှံ့နှစ်ပေါင်း ကုဗမီတာ ၇ သိန်းလောက် လျှံထွက်လာခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီပမာဏဟာ အစက ခန့်မှန်းထားတာထက် ပိုနည်းတယ် လို့ ဟန်ဂေရီ အစိုးရပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။ ဒီနှစ် ဧပြီလဆန်းက မက္ကဆီကို ပင်လယ်ကွေ့က ရေနံတွင်းတူးစင် ပေါက်ကွဲပြီး ရေနံစိမ်း ကုဗမီတာပေါင်း ၇ သိန်း ၅ သောင်း ၇ ထောင် လနဲ့ချီပြီး ယိုဖိတ် ထွက်ကျလာခဲ့တာထက် ပိုပြီး ဆိုးတယ်လို့ ဆိုပါတယ်။

ဥရောပတိုက်မှာ ဒုတိယ အရှည်လျားဆုံး ဒင်ညုမြစ်ထဲကို ဒီ အဆိပ်နှစ်တွေ စီးဝင်သွားခဲ့တဲ့အတွက် ဥရောပရဲ့ သက်ရှိပတ်ဝန်းကျင်အဖွဲ့၊ ဂေဟစနစ်ကို ပျက်စီးစေနိုင်ပေမဲ့ အခုတော့ အန္တရာယ်အနေအထားမှာ မရှိတော့ဘူးလို့လည်း ဟန်ဂေရီ အာဏာပိုင်တွေက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG