သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်း ဒုက္ခသည် ဝင်တဲ့ ခရိုအေးရှား နယ်စပ် ဟန်ဂေရီ ပိတ်ပြီ


ခရိုအေးရှား - ဟန်ဂေရီ နယ်စပ်
ခရိုအေးရှား - ဟန်ဂေရီ နယ်စပ်

ဥရောပတိုက် မြောက်ပိုင်းကို သွားနိုင်ဖို့အတွက် ဟန်ဂေရီနယ်စပ် ကို နေ့စဉ် ရောက်လာနေတဲ့ ထောင်ပေါင်းများစွာသော ရွေ့ပြောင်း ဒုက္ခသည်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ Croatia နဲ့ နယ်စပ်ကို ဒေသ စံတော်ချိန် သောကြာနေ့ ညသန်းခေါင်အချိန် - လွန်ခဲ့တဲ့ မိနစ်အနည်း ငယ်လောက်က ဟန်ဂေရီက ပိတ်ပစ်လိုက်ပါပြီ။

အမျိုးသားလုံခြုံရေးဆိုင်ရာ ဝန်ကြီးအဖွဲ့ စည်းဝေးပွဲ ကျင်းပအပြီး ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး Peter Szijjarto က အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဟန်ဂေရီအစိုးရအနေနဲ့ အဲဒီလို နပ်စပ်ပိတ်မယ့်အကြောင်း အိမ်နီးချင်းနိုင်ငံတွေကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။ စက်တင်ဘာလ အတွင်းမှာလည်း Serbia နဲ့ နယ်စပ်ကို ဟန်ဂေရီက ခြံစည်းရိုးတွေခတ်ပြီး ပိတ်ပစ်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အခုချိန်ထိ ရွေ့ပြောင်းဒုက္ခသည်ပေါင်း ၃၈၀,၀၀၀ ဟန်ဂေရီနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး နှစ်ကုန်ပိုင်းမှာ အဲဒီအရေအတွက်ဟာ ၇၀၀,၀၀၀ အထိ ရှိနိုင်တယ်လို့ ဟန်ဂေရီက ခန့်မှန်းထားတာပါ။

ဒီအတောအတွင်း EU ခေါင်းဆောင်တွေ Brussels မြို့မှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့တာမှာ ဥရောပတိုက်ထဲကို ဝင်လာနေတဲ့ ရွေ့ပြောင်း ဒုက္ခသည်တွေကို ဟန့်တားနိုင်ရေးအတွက် တူရကီနိုင်ငံနဲ့ လုပ်ငန်းအစီအစဉ်တခုကို သောကြာနေ့က အတည်ပြုနိုင်ခဲ့ကြပါတယ်။

အဲဒီလို လုပ်ငန်းအစီအစဉ်ကို အတည်ပြုလိုက်နိုင်ပေမယ့်လည်း EU အနေနဲ့ ဒုက္ခသည်တွေကို ထပ်လက်မခံတဲ့အပေါ် တူရကီသမ္မတ Recep Tayyip Erdogan က ဝေဖန်ပြောကြားလိုက်ပါတယ်။ အဲဒီအစဉ်ဟာ အပြီးသတ်မဟုတ်သေးဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သဘောတူလိုက်တဲ့ အစီအစဉ်အရ လူမှောင်ခိုကူးတဲ့သူတွေကို တူရကီက ဖမ်းဆီး အရေးယူရမှာ ဖြစ်သလို ဒုက္ခသည်တွေ ဥရောပတိုက်ထဲ မဝင်နိုင်အောင် ဟန့်တားပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG