သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်ဂေရီ အဆိပ်ရည် ယိုဖိတ်၊ ၄ ဦးသေ


ဟန်ဂေရီ အဆိပ်ရည် ယိုဖိတ်၊ ၄ ဦးသေ
ဟန်ဂေရီ အဆိပ်ရည် ယိုဖိတ်၊ ၄ ဦးသေ

လူရာပေါင်းများစွာကို ဒဏ်ရာရစေပြီး ၄ ဦး သေဆုံးခဲ့ရတဲ့ ဟန်ဂေရီနိုင်ငံက အဆိပ် ယိုဖိတ်မှုကို ဟန်ဂေရီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဂေဟဗေဒဆိုင်ရာ သဘာဝဘေးဒဏ်တခု ဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

ဒီအဆိပ်ယိုစိမ့်မှုဟာ ရာဘာနဲ့ ဒန်နုဘ်မြစ်တွေအထိပါ ရောက်နိုင်တယ်လို့ ဇိုလ်ဒန် အဲလက်စ်က MTI သတင်းဌာနကို ပြောပါတယ်။

အဲဒီနေ့ အစောပိုင်းက ဒီအဆိပ် ယိုစိမ့်မှုကြောင့် ပြန်လည်သန့်စင်ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ခဲ့ရပြီး အဲဒီဒေသမှာ အရေးပေါ် ကြေညာချက်တခု ထုတ်ခဲ့ရပါတယ်။

ဒီအဆိပ် ပျံ့နှံ့မှုကြောင့် သဘာ၀ ညစ်ညမ်းမယ့်အရေးကို ကာကွယ်ဖို့ ဂျစ်ပ်စင်မ်ခေါ် ကလပ်စ်တာ ပေါင်ဒါမှုန့် တန်ပေါင်းများစွာကို မာကယ်လ်မြစ်ထဲကို သွန်ချခဲ့တယ်လို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲတဲ့ အရာရှိတွေက ပြောပါတယ်။

ရေလှောင်ကန်တခုပေါက်ပြီး ဒီဗက်စာမြို့နားက အလူမီနီယံ စက်ရုံကထွက်တဲ့ ရွှံ့အနီ ကုဗမီတာ ၇၀၀,၀၀၀ လောက်ကြောင့် စက်ရုံနားက ရွာ ၃ ခု နစ်မြုပ်လုနီး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အက်ဆစ်ပါတဲ့ အဲဒီ ရွှံ့နီမှုန့်တွေကြောင့် ရွာသားတွေကို အရေပြား လောင်ကျွမ်းမှုဒဏ် ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG