သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hunter Biden အမှု အပြစ်ရှိကြောင်းဝန်ခံဖို့ အစီအစဉ်ပျက်ပြယ်

တရားရုံးကိုရောက်လာတဲ့ သမ္မတ Joe Biden ရဲ့သားဖြစ်သူ Hunter Biden၊ ဇူလိုင် ၂၆၊ ၂၀၂၃
တရားရုံးကိုရောက်လာတဲ့ သမ္မတ Joe Biden ရဲ့သားဖြစ်သူ Hunter Biden၊ ဇူလိုင် ၂၆၊ ၂၀၂၃
အမေရိကန် သမ္မတJoe Biden ရဲ့သား Hunter Biden ဟာ အခွန်ဆောင်ဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခံ ထားရတာကို ပြစ်ဒဏ်လျှော့ပေါ့စေရန် အပြစ်ရှိကြောင်းဝန်ခံဖို့ တရားလိုနဲ့ညှိနှိုင်းသဘောတူထားပေမယ့် ပြည်ထောင်စုတရားသူကြီးတဦးက လက်မခံပဲသဘောတူညီချက်နဲ့ ပတ်သက်လို့ ထပ်မံမေးခွန်းထုတ်ခဲ့ တာကြောင့် Hunter Biden ပထမအစီ အစဉ်ကိုဖျက်ပြီး၊ အပြစ်မရှိဘူးလို့ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ပြောင်းလဲထွက်ဆိုခဲ့ပါတယ်။
နှစ်ဖက်သဘောတူညီချက်အရ သူ့ကိုဘယ်လောက်အတိုင်းအတာအထိ အပြစ်ကနေကင်းလွတ်ခွင့် ပေးရမှာလည်းဆိုတာကို အမျိုးသမီးတရားသူကြီး Maryellen Noreika ကမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီအခွန်ရှောင်လွှဲမှုကိစ္စနဲ့ တရားမဝင်သေနတ်ကိုင်ဆောင်မှုတင်မကပဲ နောက်ထပ် စစ်ဆေးမှုတွေ၊ တရားစွဲဆိုမှုတွေကိုပါ ကင်းလွှတ်ခွင့်ပေးရမှာလား ဆိုတာကိုတရားသူကြီး မေးခွန်ထုတ်ပြီး အမှုကို ဆိုင်းငံထားလိုက်တာဖြစ်ပါတယ်။
ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး Delaware ပြည်နယ်၊ Wilmington မြို့က အရှေ့ဖက်တရားရုံးမှာအပြစ်ရှိ ကြောင်းဝန်ခံထွက်ဆိုဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ Hunter Biden ဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် အတွင်း ဝင်ငွေ ၁ ဒဿမ ၅ သန်းကျော်လောက်ရရှိခဲ့ပြီး၊ အခွန်ငွေ ၁ သိန်းကျော် ပေးဆောင်ရမှာ ဖြစ်ပေမယ့်ရှောင်လွှဲခဲ့တယ်လို့ တရားလိုဘက်ကစွပ်စွဲထားတာဖြစ်ပါတယ်။ ဒါအပြင်အခြား အမှုတခု ဖြစ်တဲ့ ကိုကိန်း မူးယစ်ဆေးစွဲနေတုန်း လိုင်စင်မဲ့သေနတ် တရားမဝင်ပိုင်ဆိုင်မှုစွဲချက်ကိုလည်း ဝန်ခံထွက်ဆိုဖို့ဖြစ်ပါတယ်။
တရားလိုနဲ့တရားခံဖက်ကရှေ့နေတွေ ညှိုနိုင်းသဘောတူညီချက်အရ ဝန်ခံထွက်ဆိုဖို့စီစဉ်ထားခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်အရ ထောင်ဒဏ်ကျခံရနိုင်တာကိုရှောင်လွှဲဖို့ ကြိုးပမ်းချက်ဖြစ်နိုင်တယ်လို့ ယူဆကြ ပါတယ်။
Hunter Biden အမှု အပြစ်ရှိကြောင်းဝန်ခံဖို့ အစီအစဉ်ပျက်ပြယ်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG