သုံးရလွယ်ကူစေသည့် Link များ

ဟာဗီဟာရီကိန်းမုန်တိုင်း Texas ပြည်နယ်ကုန်းတွင်းအဝင် အားပျော့

ဟာဗီဟာရီကိန်းကြား ကြိုးစားလမ်းလျှောက်နေသူ (သြဂုတ် ၂၀၁၇)

Harvey ဟာရီကိန်းမုန်တိုင်းဟာ ၊ စနေနေ့မနက်အစောပိုင်းက ကုန်းတွင်းပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။ Texas ပြည်နယ် အရှေ့တောင်ပိုင်းက Rockport မြို့မှာ ကုန်းတွင်းကို ၀င်ရောက်ခဲ့ပြိး၊ မုန်တိုင်းကြောင့် ကမ်းရိုးတန်းတလျှောက်မှာ လေပြင်းနဲ့ အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ဟာဗီ ဟာရီကိန်းမုန်တိုင်းဟာ ဆယ်စုနှစ်တခုအတွင်း အမေရိကန်ပြည်ထောင်စုကို အပြင်းထန်ဆုံးဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဖြစ်ပါတယ်။ ကုန်းတွင်းကို စတင်ဝင်ရောက်တဲ့အချိန်မှာ လေတိုက်နှုန်းက တနာရီကို ၂၀၉ ကီလိုမီတာရှိခဲ့ပါတယ်။

ဒါပေမဲ့ စနေနေ့မနက်အစောပိုင်းမှာတော့ မုန်တိုင်းက တဖြည်းဖြည်း အားပျော့သွားခဲ့ပြီး၊ အခုအခါမှာတော့ မုန်တိုင်းရဲ့ပြင်းအားအဆင့်ကို ၁ အထိ လျော့ကျသွားပြီဖြစ်တယ်လို့ အမေရိကန်ရုပ်သံသတင်းမှာ ဖော်ပြနေကြပါတယ်။

မုန်တိုင်းက ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်သူ ထောင်ပေါင်းများစွာဟာလည်း မုန်တိုင်းအန္တရာယ်ကို ရှောင်တဲ့အနေနဲ့ ကုန်းတွင်းပိုင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အခုချိန်ထိတော့ မုန်တိုင်းကြောင်း ထိခိုက်ဒဏ်ရာရသေဆုံးသူ ဘယ်လောက်ရှိတယ်ဆိုတာကို အတည်ပြုလိုမရနိုင်သေးပါဘူး။ ဒါပေမဲ့ လေတိုက်နှုန်းပြင်းထန်တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေဟာ နေရာအတော်များများမှာ အပြင်မထွက်နိုင်ဘဲဖြစ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG