သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်းမုန်တိုင်း Earl ကာရစ်ဘီယံ မြောက်ပိုင်းမှာ တိုက်ခတ်


ဟာရီကိန်းမုန်တိုင်း Earl ကာရစ်ဘီယံ မြောက်ပိုင်းမှာ တိုက်ခတ်
ဟာရီကိန်းမုန်တိုင်း Earl ကာရစ်ဘီယံ မြောက်ပိုင်းမှာ တိုက်ခတ်

အားကောင်းလာနေတဲ့ ဟာရီကိန်းမုန်တိုင်း Earl ဟာ ကာရစ်ဘီယံဒေသ Leeward ကျွန်း မြောက်ပိုင်းကို မိုးသည်းထန်၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ ဒီကနေ့ ဝင်ရောက်လာခဲ့ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ အခန်းအောင်းနေကြရသလို ဟိုတယ်တွေဟာလည်း တညလုံး ပိတ်ထားကြရတာပါ။ မုန်တိုင်းဗဟိုဟာ Leeward ကျွန်း မြောက်ဘက် အစွန်ပေါ်ကနေ တနာရီ မိုင် ၁၁၀ နီးပါး တိုက်ခတ် ဖြတ်သန်းနေတယ်လို့ မိုင်ယာမီ အခြေစိုက် အမေရိကန် အမျိုးသား ဟာရီကိန်းဌာနက ပြောပါတယ်။

မုန်တိုင်းဟာ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်ကို တနာရီ ၁၃ မိုင်ကျော်နှုန်းနဲ့ ရွေ့လျားနေပြီး ဒီကနေ့ တနင်္လာနေ့ နှောင်းပိုင်းနဲ့ အင်္ဂါနေ့တွေမှာ ပိုပြီး အားကောင်းလာဖွယ် ရှိတယ်လို့လည်းဆိုပါတယ်။

ဒေသတွင်းမှာရှိတဲ့ Antigua, Barbuda, Montserrat, the US Virgin Islands, the British Virgin Islands နဲ့ တခြားကျွန်းတွေမှာ ဟာရီကိန်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။

မုန်တိုင်း အားကောင်းလာတာနဲ့အမျှ ကမ်းရိုးတန်း ဒေသတွေမှာ ပင်လယ်ရေဟာ ၂ ပေကနေ ၄ ပေလောက်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ မုန်တိုင်း ပြင်းထန်မှုနဲ့အတူ အန္တရာယ်ရှိတဲ့ ရေလှိုင်းတွေလည်း ဖြစ်ပေါ်လာမယ်လို့လည်း ဆိုခဲ့ကြတာပါ။

ဟာရီကိန်း Earl နဲ့အတူ မိုးသည်းထန်မှုတွေက အသက်အန္တရာယ် ကျရောက်နိုင်တဲ့ ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေ ကြုံရနိုင်တယ်လို့လည်း မိုးလေဝသဌာနက ပြောပါတယ်။

XS
SM
MD
LG