သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါ ပြည်နယ်မှာ အာမာ ဟာရီကိန်းမုန်တိုင်းဘေးလွတ်ရေး တိမ်းရှောင်ဖို့ အချိန်သိပ်မရှိဟု အုပ်ချုပ်ရေးမှူးသတိပေး


အာမာ ဟာရီကိန်းမုန်တိုင်း ဂြိုဟ်တုဓာတ်ပုံ (စက်တင်ဘာ ၂၀၁၇)
အာမာ ဟာရီကိန်းမုန်တိုင်း ဂြိုဟ်တုဓာတ်ပုံ (စက်တင်ဘာ ၂၀၁၇)

အာမာ ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကို ဦးတည်ရွှေ့လျားလာနေတာနဲ့ အမျှ အဲဒီမှာရှိတဲ့ လူသန်းပေါင်းများစွာအနေနဲ့ ဘေးလွတ်ရာကိုပြေးဖို့အတွက် အချိန်သိပ်မရှိတော့ဘူးလို့ အမေရိကန်အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ အာမာ ဟာရီကိန်းမုန်ုတိုင်းကြောင့် ကာရစ်ဘီယန်ဒေသမှာ လူ ၂၂ ဦးထက် မနည်းသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ပါတယ်။

အာမာ ဟာရီကိန်းမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်ကို တနင်္ဂနွေနေ့မှာ ဝင်ရောက်တိုက်ခတ်မှာဖြစ်ပြီး ဖလော်ရီဒါအာဏာပိုင်တွေကတော့ လူ ၅.၆ သန်းကို မုန်တိုင်းမတိုင်ခင် ဘေးလွတ်ရာကို ပြေးကြဖို့ ပြောထားပါတယ်။

အာမာ ဟာရီကိန်းမုန်တိုင်းဟာ တကယ့်ကို အပျက်အစီးအဆုံးအရှုံးတွေများပြီး ဖလော်ရီဒါပြည်နယ်မှာ အရင်ကတခါမှာ မကြုံဖူးတဲ့ မုန်တိုင်းမျိုဖြစ်ကြောင်း၊ ၊ မုန်တိုင်းရဲ့ အကျယ်ပမာဏဟာ ဖလော်ရီဒါပြည်နယ်ထက်ကို ကြီးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott က ပြောကြားလိုက်ပါတယ်။ ကျနော်တို့မှာ အချိန်သိပ်မရှိတော့ပါဘူး။ မုန်တိုင်းက ဖလော်ရီဒါကို ရောက်ခါနီးနေပြီးလို့ သူက သတိပေးပါတယ်။

မုန်တိုင်းရဲ့ဦးတည်နေတဲ့လမ်းကြောင်းကို သောကြာနေ့က ကျွမ်းကျင်သူတွေ ပြန်ပြီးခန့်မှန်းတာမှာတော့ အာမာ ဟာရီကိန်းမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်အနောက်ဘက်ကမ်းရိုးတန်းကို ဦးတည်နေပြီး လူ ၆ သန်းလောက်ရှိတဲ့ မိုင်ယာမီမြို့ကို တည့်တည့်ဝင်ရောက်တိုက်ခတ်မှာဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG