သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း မိုက်ကယ်ကြောင့် သေဆုံးသူ ၁၆ ဦးရှိပြီ


Hurricane Michael
Hurricane Michael

အမေရိကန်ပြည်ထောင်စုတောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မိုက်ကယ်ကြောင့် သေဆုံးသူဦးရေဟာ သောကြာနေ့မှာ ၁၆ဦးအထိရှိခဲ့ပါတယ်။ ပြင်းအားအဆင့်လေးနဲ့ တိုက်ခတ်ခဲ့တဲ့မုန်တိုင်း ဟာ တနာရီ ကိုမိုင်၁၅၀ကျော်ရှိခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။ ကြိုတင်သတိပေးချက်တွေ၊ လုံခြုံတဲ့နေရာတွေကိုကြိုတင်ပြောင်းရွှေ့ ထားမှုတွေကြောင့် လူသေဆုံးမှုတော့နည်းတယ်လို့ဆိုရမှာပါ။ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်သား တွေကတော့ မုန်တိုင်းဝင်မွှေခဲ့လို့ ပျက်စီးခဲ့တဲ့နေရာတွေမှာ ရှင်းလင်းမှုတွေ ပျောက်ဆုံးသူ ရှာဖွေမှုတွေကို အပူတပြင်းလုပ်နေကြပါတယ်။

ဟာရီကိန်းမုန်တိုင်းမိုက်ကယ်ဟာ နောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း အဖြစ်အားပျော့သွားခဲ့တယ်ဆိုပေမဲ့ ဖလော်ရီဒါပြည်နယ်တဝိုက်မှာဝင်ဖူးတဲ့ မုန်တိုင်းတွေထဲမှာတော့ အားအပြင်းဆုံးပါ။ မက္ကစီကိုဘိချ်မြို့နဲ့ ပနားမားစီးတီးမြို့တွေအပါအဝင်ကမ်းခြေဒေသတွေမှာတော့ မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးမှုတွေက အကြီးအကျယ်ကျန်ရစ်ခဲ့ပါတယ်။ လူနေအိမ်ခြေနဲ့ စီးပွါးရေးအဆောက်အဦးပေါင်းလေးသိန်းကျော် လျှပ်စစ်မီးမရပဲဖြစ်နေပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဖလော်ရီဒါပြည်နယ်က ပြည်တွင်းကာကွယ်ရေးအရံတပ်ဖွဲ့ဝင် နှစ်ထောင်ကျော်ကလည်း ကူညီနေကြပါတယ်။ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott ကတော့ မုန်တိုင်းမိုက်ကယ်ကြောင့် မယုံနိုင်လောက်အောင်ကြီးမားတဲ့ပျက်စီးထိခိုက်မှုဖြစ်ခဲ့ရတယ် လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG