သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီိကိန်း Patricia မက္ကဆီကို ကို စတင် ဝင်ရောက်


ဟာရီိကိန်း Patricia မက္ကဆီကို ကို စတင် ဝင်ရောက် ။

အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့ အင်အားပြင်း Patricia ဟာရီကိန်း မုန်တိုင်းဟာ မက္ကဆီကိုနိုင်ငံရဲ့ အနောက်တောင်ဘက် ပစိဖိတ် ကမ်းရိုးတန်း တလျှောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

သောကြာနေ့က ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ Jalisco ပြည်နယ် Manzanillo ဆိပ်ကမ်းမြို့အနီးကို မုန်တိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်တယ်လို့ မက္ကဆီကို မိုးလေဝသဌာနက ကြေညာခဲ့တာပါ။

အမြင့်ဆုံး လေတိုက်နှုန်း ၁ နာရီကို မိုင် ၂၀၀ နှုန်း ဝင်ရောက်လာမယ့် ပတ်ထရစ်ရှာ မုန်တိုင်းဟာ ပစိဖိတ်အရှေ့မြောက်ပိုင်းမှာ အင်အားအပြင်းဆုံး ဟာရီကိန်း မုန်တိုင်းအဖြစ် စံချိန်တင်ထားတယ်လို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်း ဌာနက ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းကြောင့် မိုးရေချိန် ၁၅ ကနေ ၃၀ စင်တီမီတာအထိ ရှိနိုင်ပြီး တချို့နေရာတွေမှာတော့ မိုးရေချိန် ၅၀ စင်တီမီတာအထိ ရှိနိုင်တယ်လို့ ဟာရီကိန်း တိုင်းတာတွက်ချက်ရေးဌာနက ပြောဆိုခဲ့တာပါ။

သမ္မတ အိုဘားမား အစိုးရအနေနဲ့ မုန်တိုင်းအခြေအနေတွေကို အလေးထား စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ မုန်တိုင်းနဲ့ ပတ်သက်ပြီး မက္ကဆီကိုအစိုးရနဲ့ အိမ်ဖြူတော်က အနီးကပ် ဆက်သွယ် ဆောင်ရွက်နေတဲ့အကြောင်းလည်း သူက ပြောဆိုသွားခဲ့ပါတယ်။ မက္ကဆီကို အာဏာပိုင်တွေကတော့ - ပြည်နယ် ၃ ခုက ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

XS
SM
MD
LG