သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနိုင်ငံ ကမ်းရိုးတန်းဒေသတချို့ ကို အားပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်


ပစိတ်ဖိတ်သမုဒ္ဒယာ ကမ်းရိုးတန်းတလျှောက်ကို ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း Roslyn -- Oct. 22, 2022.





=== Unicode ====

မက္ကဆီကိုနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေအလာများတဲ့ ပစိတ်ဖိတ်သမုဒ္ဒယာ ကမ်းရိုးတန်းတလျှောက်ကို ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖို့ရှိတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးဌာနက အရာရှိနေတွေဟာ မနေ့စနေနေ့မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ဟာရီကိန်း Roslyn ဟာ မက္ကဆီကိုနိုင်ငံကို ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ဝင်ရောက်တိုက်ခတ်မယ်လို့ အမေရိကန်အမျိုးသားမုန်တိုင်းဌာနက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဟာ ဒီကနေ့မနက် အစောပိုင်းမှာ Nayanit ပြည်နယ် ကမ်းရိုးတန်းတလျှောက်ကို အားပြင်းတဲ့ မုန်တိုင်းကြီးတခုအဖြစ်နဲ့ ဝင်ရောက်တိုက်ခတ်ဖို့ ရှိတာကြောင့်၊ ကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနိုင်ပြီး၊ ကမ်းရိုးတန်းတလျှောက် သိသာတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဟာ Nayanit ပြည်နယ်နဲ့ ကပ်လျှက်ရှိနေတဲ့ Jalisco ပြည်နယ်အတွင်း၊ လေတိုက်နှုန်း တနာရီ မိုင် ၁၃၀ လောက်နဲ့ ဝင်ရောက်တိုက်ခတ်ပြီး၊ မိုးရေချိန် ၁၀ လက်မအထိလည်း ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

မက္ကဆီကိုနိုင်ငံအတွင်း တခြားနေရာဒေသတချို့မှာလည်း မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ခရီးသွားဧည့်သည်တွေအလာများတဲ့ နာမည်ကြီး အပန်းဖြေကမ်းခြေ တော်တော်များများလည်း ပိတ်ထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG