သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sandy မုန်တိုင်း အနည်းဆုံး ၄၅ ဦးသေဆုံး


ဟာရီကိန်းမုန်တိုင်း Sandy ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်တစ်လုံး။
ဟာရီကိန်းမုန်တိုင်း Sandy ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်တစ်လုံး။
အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း New Jersey ပြည်နယ်မှာ သမိုင်းတလျှောက် အဆိုးရွားဆုံး မုန်တိုင်းတခု တိုက်သွားခဲ့လို့ ဒေသခံတွေ ပြန်လည်ထူထောင်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေ ကြချိန်မှာပဲ အမေရိကန်သမ္မတ Barack Obama အဲဒီကို ဒီကနေ့ သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

များသောအားဖြင့် တယောက်နဲ့တယောက် အဆင်မပြေလှတဲ့ ဒီမိုကရက်သမ္မတ Barack Obama နဲ့ Republican ဖြစ်တဲ့ New Jersey ပြည်နယ်အုပ်ချုပ်ရေးမှူး Chris Christie တို့ New Jersey ရဲ့ အပျက်အစီးအခြေအနေကို အတူတကွ သွားရောက်ကြည့်ရှုပြီးတော့ အခြေအနေကို ထိန်းသိမ်းဖို့ ခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်နေကြတဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်သားတွေကို ကျေးဇူးတင်စကား ပြောကြားမှာပါ။

အင်္ဂါနေ့တုန်းကတော့ Mr. Christie က သမ္မတ Obama ရဲ့ အုပ်ချုပ်ရေးအဖွဲ့ Sandy မုန်တိုင်းကို ကိုင်တွယ်ပုံက သိပ်ပြီးကောင်းမွန်ပါတယ်လို့ ချီးကျူးသွားတာပါ။ မုန်တိုင်းစဲသွားပြီးတဲ့နောက်မှာ ကယ်ဆယ်ရေးလုပ်သားတွေ၊ နေအိမ်အတွက် လိုအပ်တဲ့ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ လုပ်သားတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ ကြိုးသားပြီး လုပ်ကိုင်နေကြပါတယ်။

New York မြို့မှာ တော့ အစုရှယ်ယာဈေးကွက် (၂) ရက်တာ ရပ်နားခဲ့ရပြီး အခုတော့ ပြန်ဖွင့်ပါပြီ။ New York ရဲ့ နိုင်ငံတကာ လေဆိပ် (၂) ခုလည်း လေယာဉ်ခရီးစဉ်တွေကို အကန့်အသတ်နဲ့ ပြန်ပြေးဆွဲနေ ပါတယ်။ နိုင်ငံ အရှေ့ခြမ်းက မုန်တိုင်းသင့် တခြားပြည်နယ်တွေမှာလည်း ဝန်ဆောင်မှုလုပ်ငန်းတွေ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပြန်ပြီး စတင် လည်ပတ်နေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG