သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်


ဆူပါမုန်တိုင်း စန္ဒီ တိုက်ခိုက်ခံရသည့် နယူးယောက်မြို့၊ ကွင်းန်စ်အရပ်တွင် တနင်္လာနေ့ညက မီးလောင်ခဲ့သည့်အတွက် အိမ်ခြေ ၈၀ မှ ၁၀၀ ကြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အောက်တိုဘာ ၃၀၊ ၂၀၁၂
ဆူပါမုန်တိုင်း စန္ဒီ တိုက်ခိုက်ခံရသည့် နယူးယောက်မြို့၊ ကွင်းန်စ်အရပ်တွင် တနင်္လာနေ့ညက မီးလောင်ခဲ့သည့်အတွက် အိမ်ခြေ ၈၀ မှ ၁၀၀ ကြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အောက်တိုဘာ ၃၀၊ ၂၀၁၂
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းမှာ စန္ဒီ ဟာရီကိန်းမုန်တိုင်းဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ်ဟာ သဘာ၀ ဘေးအန္တရာယ် ဆိုးကြီးကို ရင်ဆိုင်နေရတယ်လို့ အမေရိကန်သမ္မတအိုဘားမားက ကြေငြာလိုက်ပါတယ်။

စန္ဒီဟာရီကိန်းမုန်တိုင်း နယူးယောက်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလိုကြေငြာလိုက်တာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့ အနိမ့်ပိုင်းမှာရှိတဲ့ လမ်းတွေအပါအဝင် နေရာ အတော်များများမှာ ရေမြုပ်ခဲ့ပြီး မီးတွေလည်းပျက်ခဲ့ပါတယ်။

အဲဒီလိုကြေငြာလိုက်တဲ့အတွက် ဗဟိုအစိုးရက သဘာဝဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ထားတဲ့ ရန်ပုံငွေတွေကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပေးသွားမှာဖြစ်ပါတယ်။

စန္ဒီ ဟာရီကိန်းမုန်တိုင်းဟာ နယူးယောက်မြို့တောင်ဘက်ကို တနင်္လာနေ့ည နှောင်းပိုင်းက လေတိုက်နှုန်း တနာရီ ၁၂၅ မိုင်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူဦးရေအထူထပ်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ အရှေ့မြောက်ဘက်အခြမ်းမှာ လေပြင်းတိုတ်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို ပင်လယ်ထဲမှာလည်း အန္တရာယ်ဖြစ်စေတဲ့ လှိုင်းလုံးကြီးတွေဖြစ်ခဲ့ပြီး လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူအများစုကတော့ ယာဉ်တိုက်မှုတွေ၊ သစ်ပင်က အိမ်ပေါ်လဲကျတာတွေကနေ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာတော့ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အားပျော့သွားပြီလို့ သိရ ပါတယ်။ ဒါပေမဲ့ တနာရီကို လေတိုက်နှုန်း မိုင် ၆၀ လောက်ရှိနေတုန်းပဲလို့ ပြောပါ တယ်။

ဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကနေဒါနိုင်ငံကို ဝင်ရောက်တိုက်ခတ်မယ်လို့ အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။
XS
SM
MD
LG