သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း "စန္ဒီ" အမေရိကအရှေ့ကမ်း ဦးတည်

Rebel fighters walk in a rebel controlled territory in Upper Nile State, South Sudan.
Rebel fighters walk in a rebel controlled territory in Upper Nile State, South Sudan.
အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းတကြောဒေသတွေဖြစ်တဲ့ New England က နေ Florida ပြည်နယ်အထိ လူပေါင်း သန်းပေါင်းများစွာဟာ မကြာခင် ဝင်ရောက် တိုက်ခတ်ဖို့ရှိနေတဲ့ Sandy ဟာရီကိန်း မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Caribbean ကျွန်းနိုင်ငံတွေကို ဖြတ်တိုက်လာတဲ့ ဒီမုန်တိုင်းဟာ တခြား မုန်တိုင်းတွေနဲ့ ပေါင်းမိပြီး အင်မတန် ကြီးမားတဲ့ မုန်တိုင်းကြီးတခု ဖြစ်လာနိုင်တာကြောင့် ကြီးမားတဲ့ အန္တရာယ် ပေးနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ထူးခြားတဲ့ ဖြစ်တည်မှုနဲ့အတူ အမေရိကန်နိုင်ငံမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Halloween အခါသမယနဲ့ အချိန်ကိုက်ပြီး ရောက်လာတဲ့ ဒီမုန်တိုင်းကို မိုးလေဝသ ပညာရှင်တွေက Frankenstorm ဆိုပြီး Frankenstein နဲ့ မုန်တိုင်းပေါင်းပြီး တင်စား ခေါ်ဝေါ်နေကြပါတယ်။

မုန်တိုင်းရဲ့ လေတိုက်အားပြင်းလွန်းတာကြောင့် ပျက်ဆီး ဆုံးရှုံးမှုတွေ များနိုင်တဲ့အပြင် ကမ်းခြေဒေသတွေမှာလည်း ရေလျှံနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သွားလမ်းတလျှောက်က ဝါရှင်တန် ဒီစီ၊ နယူးယောက်၊ မယ်ရီလန်း၊ ဗာဂျီးနီးယား၊ မြောက် ကယ်ရိုလိုင်းနား စတဲ့ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ ပြည်နယ် အသီးသီးမှာ အရေးပေါ် အခြေအနေတွေ ကြိုတင် ကြေငြာထားပြီး ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်နိုင်တယ်လို့လည်း လျှပ်စစ်ကုမ္ပဏီတွေက အများပြည်သူကို သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဟာရီကိန်း Sandy ဟာ သောကြာနေ့က Caribbean ကျွန်းနိုင်ငံတွေဖြစ်တဲ့ ဘဟားမား၊ ဟေတီ၊ ဂျမေကာ စတဲ့ ကျွန်းနိုင်ငံတွေကို ဝင်ရောက် တိုက်ခတ်ခဲ့တာမှာ ဒီမုန်တိုင်းရဲ့ ဒဏ်ကြောင့် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG