သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအနုမြူအေဂျင်စီ မြန်မာပြည်ကို သွားရောက်စစ်ဆေးလို

ကုလအနုမြူအေဂျင်စီ မြန်မာပြည်ကို သွားရောက်စစ်ဆေးလို
ကုလအနုမြူအေဂျင်စီ မြန်မာပြည်ကို သွားရောက်စစ်ဆေးလို

စစ်အစိုးရအုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်ထုတ်လုပ်ရေး ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိတဲ့ လုပ်ငန်းနဲ့ နေရာဒေသတွေကို ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အဖွဲ့က တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီအဖွဲ့က သံသယဖြစ်စရာ ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး ဆိုင်ရာ ဒေသတွေကို ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့ မြန်မာအစိုးရကို တရားဝင်တောင်းဆိုတဲ့စာတစောင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် The Wall Street Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး သံသယဖြစ်ဖွယ်ရာနေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ (Belgium) နိုင်ငံသား ဟာမန်းနက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အနုမြူကာကွယ်ရေးဆိုင်ရာ ဌာနက မြန်မာအစိုးရကို စာတစောင် ရေးသားပေးပို့ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယား လက်နက်ထုတ်လုပ်မှုဆိုင်ရာ အစီအစဉ်တွေကို မြန်မာအစိုးရက လျို့ဝှက်ပြီး လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က နှစ်အတော်ကြာ သံသယရှိနေခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA အဖွဲ့က

မြန်မာနိုင်ငံထဲမှာ နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ် ရှိနိုင်တယ်လို့ ယူဆတဲ့အတွက် အဲဒီအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အရင်ကတည်းက တောင်းဆိုခဲ့ပေမဲ့ IAEA က ခုလိုဝင်ရောက်စစ်ဆေးဖို့ တရားဝင် စာပေးပို့တောင်းဆိုတာမျိုးတော့ မရှိခဲ့သေးဘူးလို့ဆိုပါတယ်။

This item is part of
XS
SM
MD
LG