သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IAEA အကြီးအကဲ တောင်ကိုရီးယားမှာ ဆန္ဒပြခံရ


IAEA အကြီးအကဲ Rafael Grossi တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ နိုင်ငံခြားရေးဌာနမှာ ဇူလိုင် ၈ ရက်နေ့ တေ့ွဆုံပွဲအပြီး ထွက်ခွာသွားစဉ်
IAEA အကြီးအကဲ Rafael Grossi တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ နိုင်ငံခြားရေးဌာနမှာ ဇူလိုင် ၈ ရက်နေ့ တေ့ွဆုံပွဲအပြီး ထွက်ခွာသွားစဉ်

ဆူနာမီ ရေလိုင်းဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ ဂျပန်နိုင်ငံ၊ ဖူကူရှီးမား နြူကလီးယားဓါတ်ပေါင်းဖိုအတွင်း သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ထဲ စွန့်ပစ်မယ့်အစီအစဉ်ကို ရှင်းပြဖို့ တောင်ကိုရီးယားနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ Rafael Grossi ဟာ တောင်ကိုရီးယားမှာ ဆန္ဒပြကန့်ကွက်ပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဂျပန်နိုင်ငံကဆင့် တောင်ကိုရီးယားကို ၃ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ သောကြာနေ့ညက ရောက်လာတဲ့ IAEA အကြီးအကဲ Rafael Grossi ဟာ ဒီနေ့စနေနေ့မှာ နိုင်ငံခြားရေးဝန်ကြီး Park Jin၊ တောင်ကိုရီးယား နြူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ ကော်မရှင်ဥက္ကဌ Yoo Guk-hee တို့နဲ့ တွေ့ဆုံခဲ့ပြီး၊ ပင်လယ်ထဲ ရေတွေစွန့်ပစ်မယ့် ဂျပန်ရဲ့အစီအစဉ်ဘာကြောင့် နိုင်ငံတကာစံတွေနဲ့ ကိုက်ညီတယ်လို့ IAEA က ဆုံးဖြတ်ရသလဲဆိုတာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရကလည်း IAEA ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ ပြောဆိုထားသလို၊ သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ စုံစမ်း စစ်ဆေးမှုအရလည်း အီဒီရေတွေက ဘေးအန္တရာယ်မရှိနိုင်ဘူးလို့ တွေ့ရှိထားကြောင်း ပြောဆိုထားပေမယ့် မစ္စတာ Grossi ဆိုးလ်မြို့တော်ကို ရောက်လာချိန် ဆန္ဒပြမှုတွေနဲ့ ကြုံနေရပါတယ်။

တောင်ကိုရီးယားကုန်သွယ်ရေးသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင်တွေအဝင် ရာနဲ့ချီ Seoul မြို့တော်လမ်းတွေပေါ်မှာ ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ ဖူကူရှီးမားစက်ရုံက စွန့်ပစ်မယ့်သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေက တောင်ကိုရီးယား ရေပိုင်နက်မှာ ဘေးအန္တရာယ် မရှိနိုင်လောက်ဘူးလို့ တောင်ကိုရီးယားအစိုးရက ပြောကြားထားပြီး ပင်လယ်စာလုပ်ငန်းတွေ ဘေးကင်းအောင် တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

XS
SM
MD
LG