[[Zawgyi/Unicode]]
ယူကရိန်းက Zaporizhzhia နျူကလီယား ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ (IAEA) ရဲ့ ကျွမ်းကျင်သူတွေ သွားရောက်နေပြီလို့ ကုလသမဂ္ဂ အနုမြူစွမ်းအင် အကြီးအကဲက ပြောပါတယ်။
အဖွဲ့ကို သူ ဦးဆောင်မှာဖြစ်တယ်လို့ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က လူမှုစာမျက်နှာမှာ ရေးထားပါတယ်။
“ဥရောပနဲ့ယူကရိန်းရဲ့ အကြီးဆုံး နျူကလီယားဓာတ်အားပေးစက်ရုံရဲ့ စိတ်ချလုံခြုံရေးကို ကျနော်တို့ ကာကွယ်ရပါမယ်” လို့ သူက ဆိုပါတယ်။
ဒီ ခရီးစဉ်မှာ စက်ရုံရဲ့ရုပ်ပိုင်းဆိုင်ရာ အပျက်အစီးကို စစ်ဆေးသတ်မှတ်မှာ ဖြစ်ပြီး စိတ်ချလုံခြုံရေးစနစ်တွေ အလုပ်လုပ်နိုင် မလုပ်နိုင်ကို ဆုံးဖြတ်မှာဖြစ်တယ်လို့ IAEA က ပြောပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ အရေးပေါ် လုံခြုံစိတ်ချရေး ဆောင်ရွက်ချက်တွေကို လုပ်နိုင်မလုပ်နိုင်ကိုလည်း ကြည့်ရှုမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒီ ခရီးစဉ်ကနေ နျူကလီယား လုံခြုံရေးဆိုင်ရာ လုပ်ပုံကိုင်ပုံတွေကို ချိုးဖောက်နေတဲ့ အချက်အလက်တွေ ရှင်းရှင်း ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောပါတယ်။
IAEA ရဲ့ အလုပ်တွေကို ထောက်ခံကြောင်း ရုရှားက ပြောပါတယ်။ ဒါပေမယ့် စက်ရုံဝန်းကျင်ကို စစ်ရေးကင်းဇုံသတ်မှတ်ပြီး ရုရှားစစ်သားတွေ ရုပ်သိမ်းဖို့ကိုတော့ ငြင်းဆိုထားပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းက စက်ရုံအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိခဲ့ပြီး ယူကရိန်းနဲ့ရုရှားတို့က ဘယ်သူက ပစ်ခတ်တယ်ဆိုတာကို အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
====================
[[Unicode]]