သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာကို အရေးယူဖို့ လုံခြုံရေးကောင်စီကို ICC တင်ပြ

ကင်ညာကို အရေးယူဖို့ လုံခြုံရေးကောင်စီကို ICC တင်ပြ
ကင်ညာကို အရေးယူဖို့ လုံခြုံရေးကောင်စီကို ICC တင်ပြ

ဆူဒန်သမ္မတအပေါ် နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ICC ကနေ ဖမ်းဝရမ်းထုတ်ထားတာကို အန်တုတဲ့အတွက် ကင်ညာနိုင်ငံကို အရေးယူဖို့ ICC က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြထားပါတယ်။

ကင်ညာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံတခုဖြစ်တာနဲ့အညီ ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘက်ရှီးယား (Omar al-Bashir) အပေါ် ဖမ်းဝရမ်း ထုတ်ထားတာကို လိုက်နာလုပ်ဆောင်ဖို့ ရှင်းလင်းပြတ်သားတဲ့ တာဝန်ရှိတယ်လို့ The Hague မြို့မှာ အခြေစိုက်တဲ့ ICC တရားသူကြီးတွေက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်မှာ သောကြာနေ့က ကျင်းပတဲ့ ကင်ညာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်တဲ့ ဒေသတွင်း ခေါင်းဆောင်တွေထဲမှာ မစ္စတာ ဘက်ရှီးယား လည်း အပါအဝင်ဖြစ်ပါတယ်။ မစ္စတာ ဘက်ရှီးယားဟာ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတခုရဲ့ အကြီးအကဲ တယောက် ဖြစ်တဲ့အတွက် ဖိတ်ကြားတာဖြစ်တယ်လို့ ကင်ညာ နိုင်ငံခြားရေးဝန်ကြီး မိုးဆက်စ် ဝီတန်ဂူလာ (Moses Wetangula) က ပြောပါတယ်။

ဆူဒန်နိုင်ငံ ဒါဖောဒေသမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ICC က မစ္စတာ ဘက်ရှီးယားကို ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ပါတယ်။ အဲဒီ ဒါဖောဒေသမှာ ၂၀၀၃ ခုနှစ်ကတည်းက အစိုးရတပ် တွေကနေ သူပုန်တွေကို တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG