သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံးတင်ဖို့ OIC ဆုံးဖြတ်


International Court of Justice (ICJ
International Court of Justice (ICJ

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေ အတွက် နိုင်ငံချင်းဖြစ်တဲ့အခါ စီရင်ဆုံးဖြတ်ရတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးအရေးယူဖို့ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က တညီတည်းဆုံးဖြတ်လိုက်ပါတယ်။

UAE အာရပ် စော်ဘွားများ ပြည်ထောင်စုမှာကျင်းပနေတဲ့ ၄၆ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နောက်ဆုံးရက်မှာ အခုလို ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တာပါ။ လတ်တလောအားဖြင့်တော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လူသားထု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ICC နိုင်ငံတကာခုံရုံးမှာ စစ်ဆေးဖို့ အမှုတင်ထားပြီးသား ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ထွက်ပြေးခဲ့ရတဲ့နောက် နိုင်ငံတကာမှာ ရိုဟင်ဂျာအရေးကို ပိုအာရုံစိုက်လာပါတယ်။ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ယူဆထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဖက်ကတော့ ဒီအခြေအနေအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ထားသလို၊ နိုင်ငံတကာက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ တောက်လျှောက်ငြင်းခဲ့ပါတယ်။

ICC မှာ ရိုဟင်ဂျာအရေးတင်ဖို့ OIC ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG