သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC နိုင်ငံတကာပြစ်မှုခုံရုံးက ဖိလစ်ပိုင် နှုတ်ထွက်ဖွယ်ရှိ


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူဟာ ရုရှားနိုင်ငံရဲ့လမ်းကြောင်းကိုလိုက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ကနေ နှုတ်ထွက်ဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို နှိမ်နင်းတာမှာ လူ ထောင်ပေါင်းများစွာ အသတ်ခံရတာနဲ့ပတ်သက်ပြီး Duterte ကို ICC မှာ တရားစွဲခံရနိုင်ခြေရှိတယ်လို့ သူ့ကိုဝေဖန်သူတွေက ပြောထားတာပါ။

ကုလသမဂ္ဂဟာ စစ်ပွဲတွေကို ရပ်အောင်လုပ်နိုင်စွမ်းမရှိဘူးလို့လည်း ပီရူးနိုင်ငံမှာကျင်းပမယ့် အာရှ-ပစိဖိတ်ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးတက်ဖို့ ဒီကနေ့မထွက်ခင် ထုတ်ပြန်ချက်တခုမှာ သမ္မတဒူတာတေးက ပြောထားပါတယ်။

တရုတ်နဲ့ ရုရှားတို့ကသာ ကမ္ဘာ့အခင်းအကျင်းသစ်ကို ဖန်တီးဖို့ ဆုံးဖြတ်ကြမယ်ဆိုရင် သူဟာ ကုလသမဂ္ဂကနေထွက်ပြီးတော့ ပထမဆုံး ပူးပေါင်းပါဝင်မယ့်သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်မယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကိုလည်း သမ္မတ ဒူတာတေးက ဝေဖန်ပါ တယ်။ မလိုက်နာသူတွေကို အရေးယူမယ့် ပြဌာန်းချက်မပါတာ၊ ကမ္ဘာကြီး ပူနွေးလာမှုကို ရင်ဆိုင် ဖြေရှင်းဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လုပ်ငန်းတွေကို အထောက်အပံ့ပြုရေး စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက ငွေကြေးထည့်ဝင်မယ့်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိတာတွေ ကို သူက ထောက်ပြဝေဖန်တာပါ။

ICC နိုင်ငံတကာပြစ်မှုခုံရုံးက ဖိလစ်ပိုင် နှုတ်ထွက်ဖွယ်ရှိ
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG