သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း နယ်မြေ စစ်ရာဇဝတ်မှု ရှိဖွယ် အလားအလာ ICC စ စုံစမ်း


ပါလက်စတိုင်း ဆန္ဒပြသူတွေကို အစ္စရေးလ် နယ်စပ် လုံခြုံရေးရဲတွေ ထိန်းသိမ်း။ (ဒီဇင်ဘာ ၁၉-၂၀၁၄)
ပါလက်စတိုင်း ဆန္ဒပြသူတွေကို အစ္စရေးလ် နယ်စပ် လုံခြုံရေးရဲတွေ ထိန်းသိမ်း။ (ဒီဇင်ဘာ ၁၉-၂၀၁၄)

ပါလက်စတိုင်း ပိုင်နက်နယ်မြေတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖွယ်ရှိတာတွေကို ကနဦး စုံစမ်းစစ်ဆေးမှုတခု နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC က စတင်လိုက်ပါပြီ။ သောကြာနေ့ကကြေညာတဲ့ ဒီ ကနဦး စုံစမ်းစစ်ဆေးမှုကနေ စုံစမ်းစစ်ဆေးမှုကြီးတခု အပြည့်အ၀ လုပ်မယ် မလုပ်ဘူး ဆိုတာကို လေ့လာ ဆန်းစစ်မှာဖြစ်ပါတယ်။

အပြည့်အ၀ စုံစမ်းစစ်ဆေးမှုသာလုပ်ဖြစ်မယ်ဆိုရင် အစ္စရေးလ်နဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေကို စွဲချက်တင်ဖို့အတွက် လမ်းပွင့်သွားမှာဖြစ်ပါတယ်။
The Hague မြို့အခြေစိုက် ICC အဖွဲ့ဝင်အဖြစ်ဝင်ဖို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ကုလသမဂ္ဂဆီ လျှောက်လွှာတင်အပြီး သီတင်းနှစ်ပတ်အကြာမှာ အခု စုံစမ်းစစ်ဆေးမှုလုပ်မယ့်ကိစ္စ ကြေညာတာပါ။

အဲဒီလုပ်ရပ်ကြောင့် အစ္စရေးလ်တို့ ဒေါသထွက်ပြီး အမေရိကန်ကတော့ စိုးရိမ်ကြောင်းပြောပါတယ်။ ဒါဟာ တန်ပြန်သက်ရောက်မှု ဖြစ်စေပြီး ပါလက်စတိုင်းတို့ မျှော်လင့်နေတဲ့ လွတ်လပ်တဲ့နိုင်ငံတခုဖြစ်လာစေရေး ဘာမှအထောက်အကူဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်ကပြောပါတယ်။

ဒါပေမဲ့လည်း ဒါဟာ သိပ်ကိုအရေးပါပြီး ပါလက်စတိုင်းလူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကိုရှာဖွေဖို့ လိုအပ်တဲ့အဆင့်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ် Riyad Mansour ကပြောပါတယ်။

XS
SM
MD
LG