သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iceland မီးတောင်ပေါက်ကွဲနိုင်ခြေ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်


ှုIceland နိုင်ငံက ပေါက်ကွဲလုနီးဖြစ်နေတဲ့ Bardarbunga မီးတောင်သွားရာလမ်းကြောင်းမှာ ပြထားတဲ့ အန္တရာယ်သတိပေးဆိုင်းဘုတ်များ။
ှုIceland နိုင်ငံက ပေါက်ကွဲလုနီးဖြစ်နေတဲ့ Bardarbunga မီးတောင်သွားရာလမ်းကြောင်းမှာ ပြထားတဲ့ အန္တရာယ်သတိပေးဆိုင်းဘုတ်များ။

Iceland နိုင်ငံက မီးတောင်မှာ ပေါက်ကွဲမှု အသေးလေးတွေ ဖြစ်ပွားခဲ့တာကြောင့် လေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် Code Red လို့ခေါ်တဲ့ အမြင့်ဆုံးသတိပေးချက်ကို Iceland နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။ အခု သီတင်းပတ် အစောပိုင်းတုန်းက ငလျင်တွေ ဆက်တိုက် လှုပ်ခဲ့တဲ့ Bardarbunga မီးတောင်အောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတာကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ Iceland မိုးလေဝသဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Code Red အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်ခြင်းအားဖြင့် မီးတောင်ဟာ မဖြစ်မနေ ပေါက်ကွဲတော့မယ့်အလားအလာ ဖြစ်နေပြီး ဒါမှမဟုတ်လည်း ပေါက်ကွဲမယ့်ဘက်ကို ဦးတည်နေတယ်လို့ တနည်းအားဖြင့် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

လေကြောင်းဆိုင်ရာအာဏာပိုင်တွေက လေကြောင်းအနီးဝန်းကျင်ကို လေယာဉ်မပျံသန်းရ ဇုံနယ်မြေအဖြစ် သတ်မှတ်လိုက်ပေမယ့် Iceland နိုင်ငံတခုလုံးကိုတော့ အဲဒီလို လေယာဉ်မပျံသန်းရဇုံအဖြစ် မသတ်မှတ်သေးပါဘူး။ ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့အနေနဲ့ Iceland နိုင်ငံအလယ်ပိုင်း မီးတောင်အနီးဝန်းကျင်က ဒေသခံတွေကို အခု သီတင်းပတ် အစောပိုင်းတုန်းက ဘေးကင်းရာကို ရွှေ့ပြောင်းထားပြီး ဖြစ်ပါတယ်။

မီးတောင်ပေါက်မယ်ဆိုတဲ့သတိပေးချက်တွေက ၂၀၁၀ ခုနှစ်မှာ ဖြစ်သွားခဲ့တဲ့ မီးတောင် ပေါက်ကွဲမှုလို ထပ်ဖြစ်မှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက မီးတောင်က ထွက်လာတဲ့ပြာတွေကြောင့် လေယာဉ်ပျံသန်းမှုတွေ သီတင်း နှစ်ပတ်လောက် ရပ်ဆိုင်းပြီး ကမ္ဘာ့လေကြောင်းသွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG